မော်လမြိုင်တွင် ငါးလိပ်ကျောက်ခြောက်ဈေးနှုန်း ပြန်လည်ကျဆင်းခြင်း မရှိသေး

သင်္ကြန်ကာလတွင်း ဈေးနူန်းမြင့်တက်၍ ၀ယ်လိုအားကောင်းခဲ့သောငါးလိပ်ကျောက်ခြောက်ဈေးနှုန်းများ ပြန်လည်ကျဆင်းခြင်း မရှိကြောင်းမော်လမြိုင်စားသောက်ကုန်ဈေးကွက်အတွင်းက သိရှိရသည်။
“နှစ်တိုင်း သင်္ကြန်ချိန်ပြီးရင် ဈေးပြန်ကျနေကျပါ။ ဒီနှစ်ကျတော့မကျလာသေးဘူး။ ဒီငါးခြောက်က သင်္ကြန် ရာသီစာဆိုတော့ သင်္ကြန်တွင်းမှာပဲရောင်းအားကောင်းတာ။ ဈေးပြန်မကျတော့ ရောင်းအားတွေ ကျတာ ပေါ့ဗျာ။သယ်ယူစရိတ်တွေလည်း မြင့်တက်လာတယ်” ဟုမော်လမြိုင်မြို့ငါးခြောက်ပွဲရု
မော်လမြိုင်ဈေးကွက်တွင်း၌ နှစ်စဉ်သင်္ကြန်ရာသီချိန်တွင် ရာသီစာအဖြစ်ဈေးနူန်းမြင့်တက်ခဲ့သော ငါးလိပ် ကျောက်ခြောက်များမှာ သင်္ကြန်အပြီးတွင်ပြန်ကျလေ့ရှိသော်လည်း ယခု ၂၀၁၂ခုနှစ် သင်္ကြန်ပြီးချိန်တွင်မူ ဈေးနူန်းများပြန်လည်ကျဆင်းခြင်
“အရင်တွေကဆို သင်္ကြန်ပြီးရင် စားသောက်ကုန်ပဲဖြစ်ဖြစ်ဈေးပြန်
ဈေးကွက်တွင်း၌ မတ်လကုန်ပိုင်းတွင် တစ်ပိသာလျှင် ၇၀၀၀(ခုနှစ်ထောင်)ကျပ်ဝန်းကျင်ခန့် ရှိခဲ့သော ငါးလိပ်ကျောက်ခြောက်များမှာ ဧပြီလပိုင်းတွင်တစ်ပိသာလျှင် ၁၂၀၀၀(ကိုးထောင်) ကျပ်ဝန်းကျင် သို့ မြင့်တက်ခဲ့ကြောင်းသိရသည်။
“ကျွှန်မတို့ရွာမှာ ရာဘာလာစိုက်တဲ့သူတွေက အညာဒေသက လာတဲ့သူတွေဆိုတော့ ငါးခြောက်ဆို တအားစားကြတယ်။ ဒီနှစ်သင်္ကြန်တွင်းကို ငါးခြောက်ပိသာ အချိန် ၁၀၀ ကျော်လောက် ရောင်းရတယ်။ မနှစ်ကဆို အချိန် သုံးလေးဆယ်လောက်ပဲ ကုန်တယ်။
အခု သင်္ကြန်လဲပြီးရော အရောင်းအေးသွားပြန်ရော။ ဈေးတွေပြန်မကျတော့ ပိုဆိုးတာပေါ့” ဟု မော်လမြိုင်မြို့ ရွှေဝါချောင်ကျေးရွာမှကုန်ခြောက်ဆိုင်ဖွင့်ထားသူ ဒေါ်စန်းစန်းမြင့်က ပြောသည်။
သင်္ကြန်ရာသီချိန်တွင် ဈေးနူန်းမြင့်ဖြင့် ၀ယ်လိုအားမြင့်တက်ကာ ရောင်းလိုအားကောင်းခဲ့သော ငါးလိပ် ကျောက်ခြောက်မှာ လက်ရှိဧပြီလလယ်ပိုင်တွင် ဈေးနူန်းများဆက်လက်မြင့်တက်နြေ
ယမင်း(မြစ်မခ)
by Myit Makha Mediagroup
by Myit Makha Mediagroup
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။