Tuesday, April 24, 2012

ဆူးလေ ဘားလမ်းတွင် လမ်းဘေးဈေးသည်များကို လိုက်လံဖမ်းဆီး


ဧပြီလ ၂၂ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်တွင် သတင်းပေးသူတစ်ဦး၏ သတင်းပေးချက်အရ ဖမ်းဆီးရေး ကားတွေ့ရသည်ဟု ပြောဆိုလာသဖြင့် သွားရောက်စုံစမ်းရာ ဆုးလေ ဘားလမ်းတွင် လမ်းဘေး ဈေးသည် များကို ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။
ရောက်ရှိသွားချိန်တွင် ဘာလမ်းတစ်ခုလုံး ရှင်းလင်းနေပြီး ဈေးသည်ကြီးတစ်ဦး ငိုနေသည်ကိုတွေ့ရ၍ ဖမ်းဆီးခေါ်ဆောင်သွားသည်များရှိကြောင်း ဈေးဗန်းများကို သိမ်းဆည်းသွားသည်များလည်း ရှိကြောင်း ဈေးသည်တစ်ဦးမှပြောသည်။
အဆိုပါငိုနေသောဈေးအဒေါ်ကြီးကိုမေးမြန်းကြည့်ရာ`အန်တီနာမည်က ဒေါ်တင်မြင့်။ သာကေတကပါ။ ပိုက်ဆံမပေးလို့ဆိုပြီး လာဖမ်းတာ။ တွန်းလှည်းတွေရော ခုံတွေရော နှစ်ရက်စက်တိုက် အဖမ်းခံရတယ်။ အခြား ဈေးသည်တွေလည်း အဖမ်းခံရတယ်။ အန်တီက နှစ်သိန်းဖိုးလောက်တော့ ပါသွားတယ်။ မိသားစု (၇) ယောက်ရှိတယ်။ မုဆိုးမပါ။ ဒီနေ့ရော သောကြာနေ့ရော။ရက်စက်လိုက်တာ။ ပစ္စည်းတွေပါ အကုန်မသွားတယ်´ ဟုပြောပြသည်။

အခြားအနီးဝန်းကျင်မှ တစ်ဦးပြောပြတာကတော့`အခြားသူတွေလည်းပါတယ်။ သူကတော့ အသိမ်းခံရတာများ တာပေါ့။ ၄ ဦးလောက်တော့ ပါသွားတယ်။ မနေ့ကသုံးဦး´ လို့ပြောပါတယ်။
ထိုသို့မေးမြန်းနေစဉ် ဖမ်းဆီးရေးကား ဖြတ်သွားသည်ကို မြင်တွေ့လိုက်ရ၍ ကားပေါ်တွင် ဖမ်းဆီးခေါ်ဆောင် သွားသူ တစ်ဦးကို မြင်တွေ့လိုက်ရသည်။ ဈေးသည်များမှာလည်း ကားတွေ့သည်နှင့်သပစ္စည်များ အထိတ်တလန့် အပြေးအလွှားသိမ်းဆည်းနေကြသည်ကို မြင်တွေ့ရသည်။

Hot News 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။