တရုတ်ဆိုင်ကယ်ဖြန့်ချီရာတွင် ပြင်ဦးလွင်ဂျော်ကီများသည် အရေးပါဆဲဖြစ်
မြန်မာအလယ်ပိုင်းဒေသများသို့ တဆင့်ပြန်လည်ဖြန့်ဖြူးရောင်းချ
တရုတ်ဆိုင်ကယ်များကို ပြင်ဦးလွင်မြို့မှစတင်ဖြန့်ချီ
ထိုကဲ့သို့ ဆိုင်ကယ်များပို့ဆောင်ရာတွင် ရွှေလီမြို့မှ ပြင်ဦးလွင်မြို့သို့ လူတစ်ယောက်လျှင် ဆိုင်ကယ်တစ်စီးမောင်းနှင့်ပို့ဆောင်ပေးသည်။ ထိုမောင်းနှင်သည့်ဆိုင်ကယ် အပေါ်တွင် နောက်ဆိုင်ကယ်နှစ်စီးစာရှိ ပစ္စည်းများအား ထုတ်ပိုးတင်ဆောင်ကာ ပို့ဆောင်ပေးခြင်းဖြစ်သည်။
ထိုဆိုင်ကယ်(၃)စီးစာ တစ်ပါတည်း မောင်းနှင် ပို့ဆောင်ပေးသူများကို ဂျော်ကီဟု ဒေသံတို့က ခေါ်ဆို ကြသည်။ အဆိုပါဂျော်ကီများမှာ အများအားဖြင့်အခြေခံလူတန်းစားမျ
“ကွန်တော်တို့ ရွှေလီကနေ ပြင်ဦးလွင်ထိဆိုရင် တစ်ခေါက်ကို စားရိတ်ငြိမ်း တစ်သောင်းခွဲရတယ်။ လူကတော့ အရမ်းပင်ပန်းတယ်။ လမ်းကြေးကတော့ ခေါင်းဆောင်က ပေးပါတယ်။ လမ်းကြေးဆိုတာက လမ်းမှာ ရဲကို ပေးရတာကိုပြောတာ။” ဟု ပြင်ဦးလွင်မြို့ရှိ ဂျော်ကီတစ်ဦးက ပြောသည်။
ပြင်ဦးလွင်မြို့မှ အခြားမြို့များသို့ ဆိုင်ကယ် ပေးပို့ရသည့် ဂျော်ကီများအကြောင်းကို ပြင်ဦးလွင်မှ ပခုက္ကူသို့ ဆိုင်ကယ်ပို့ပေးသူတစ်ဦးက ယခုလိုပြောဆိုခဲ့သည်။
“ကျွန်တော်တို့ ပြင်ဦးလွင်ကနေ့ ပခုက္ကူကို ဆိုင်ကယ်ပို့ရင်တော့ တစ်ယောက်ကိုတစ်စီးပဲမောင်းတယ်။ သွားရင်လည်း နှစ်ယောက်တစ်တွဲ စီးသွားတယ်။ ကျွန်တော်တို့အုံနာက တစ်ညတစ်ညကို ဆိုင်ကယ် ဆယ်စီးလောက် ပို့တယ်။”ဟုပြောသည်။
ထိုကဲ့သို့ ပြင်ဦးလွင်မြို့မှ ပခုက္ကူ၊ မုံရွာ၊ မိတ္ထိလာ၊ မြင်းခြံ စသည့်မြို့များသို့ ဆိုင်ကယ်တစ်ခေါက်ပို့လျှင် နှစ်သောင်းကျပ်ရရှိပြီး အပြန်နှင့် စားရိတ်နှုတ်လျှင် ကျပ်ငွေခုနစ်ထောင်သာ အမြတ်ကျန်ရှိကြောင်း ဆိုင်ကယ် ကယ်ရီသမားတို့က ဆိုသည်။
“ကျွန်တော်တို့က ညဘက်မောင်းပို့ပေးတယ်။ ပြင်ဦးလွင်ကနေ ပခုက္ကူကိုဆိုရင် ခြောက်နာရီကျော် လောက် မောင်းရတယ်။ ပြီးရင် ကားစီးပြီးပြန်လာ။ နေ့ခင်းကျရင်အိပ်၊ ညနေရောက်ရင် အုံနာအိမ်သွားပြီး ဆိုင်ကယ်စစ် စရာရှိတာ စစ်ရတယ်။” ဟု အဆိုပါ ဂျော်ကီသမားကပြောသည်။
ယခုအချိန်တွင် လွန်ခဲ့သော တစ်နှစ်ခန့်က ငါးထောင်မှ ခြောက်ထောင်ကျပ်အထိပေးရသော လမ်းကြေးမှာ တစ်ခေါက်လျှင် ကျပ် ထောင့်ငါးရာဝန်းကျင်သာပေးရကြော
ထိုကဲ့သို့လမ်းကြေးများလျော့ကြလာခြင်းမှာ လမ်းတွင်လမ်းကြေးတောင်းသောရဲများမှာ မကြာခဏ ဂျော်ကီများနှင့် စကားများရန်ဖြစ်ခြင်းတို့ကြောင့် ပိုက်ဆံရသော်လည်း အသက်အန္တရယ်နှင့်နီးသောကြောင့် ယခင်ကကဲ့သို့လမ်းကြေးမကောက်ခံတော့ခြင်းဖြစ်ကြောင်း နှင့် ယခုအချိန်တွင် နိုင်ငံရေးအပြောင်းအလဲ တို့ကြောင့် ယခင်ကကဲ့သို့ မကောက်ခံတော့ခြင်းဖြစ်ကြောင်းသိရှိရသည်။
“ကျွန်မတို့ဆိုရင် ဆိုင်ကယ် ကယ်ရီသမားတွေလာပြီဆို ထွက်ထွက်ကြည့်ကြတယ်။ သူတို့က ကျွန်မတို့ရွာကို ဖြတ်ပြီးမှ မြို့ထဲသွားတာ။ ကြည့်လိုက်ရင် လူတွေကဖုန်တွေနဲ့ ဖြူဖွေးနေကြတာ။ ပြီးရင်လည်း စီးလာတဲ့ ဆိုင်ကယ်ပေါ်တင်လာတဲ့ ဆိုင်ကယ်ထုပ်ကြီးကလည်း အကြီးကြီးပဲ။ သူတို့လုပ်နေတဲ့ အလုပ်က အသက်အန္တရာယ်နဲ့ တော်တော်နီးတယ်။” ဟု နောင်ခမ်းကြီးကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
အမည်ရှိတံဆိပ်တရုတ်ဆိုင်ကယ်တစ်စီးလျှင်
မြန်မာနိုင်ငံအလယ်ပိုင်းအရောက် ၂၀၁၂ခုနှစ် ထုတ် ဆိုင်ကယ် (110) တစ်စီးလျှင်
(၃သိန်း ၈သောင်း) ကျပ်ဝန်းကျင်ရှိပြီး၊ (125) တစ်စီးလျှင် (၄သိန်း
၇သောင်း)ကျပ် ၀န်းကျင် ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းက
စုံစမ်းသိရှိရသည်။
“ကျွန်မတို့ဆိုရင် ဆိုင်ကယ် ကယ်ရီသမားတွေလာပြီဆို ထွက်ထွက်ကြည့်ကြတယ်။ သူတို့က ကျွန်မတို့ရွာကို ဖြတ်ပြီးမှ မြို့ထဲသွားတာ။ ကြည့်လိုက်ရင် လူတွေကဖုန်တွေနဲ့ ဖြူဖွေးနေကြတာ။ ပြီးရင်လည်း စီးလာတဲ့ ဆိုင်ကယ်ပေါ်တင်လာတဲ့ ဆိုင်ကယ်ထုပ်ကြီးကလည်း အကြီးကြီးပဲ။ သူတို့လုပ်နေတဲ့ အလုပ်က အသက်အန္တရာယ်နဲ့ တော်တော်နီးတယ်။” ဟု နောင်ခမ်းကြီးကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
အမည်ရှိတံဆိပ်တရုတ်ဆိုင်ကယ်တစ်
ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup
by Myit Makha Mediagroup
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။