Tuesday, April 24, 2012

မြန်မာသင်္ကြန် ပုံရိပ်များနှင့် သင်္ကြန်သံချပ်များအား တင်ဆက်မည့် ‘မြန်မာ့သင်္ကြန် အငြိမ့်ပွဲတော်’ စင်ကာပူနိုင်ငံတွင် ပြုလုပ်မည်

e7295
မြန်မာသင်္ကြန် ခံစားမှုပုံရိပ်များကို ပြန်လည်ပုံဖော်ကာ သင်္ကြန်ကာလအတွင်း ပြန်လည် အသက်ဝင်
လာခဲ့သည့် သံချပ်များအား တင်ဆက်မည့် ‘မြန်မာသင်္ကြန်အငြိမ့်ပွဲတော်’ ကို စင်ကာပူနိုင်ငံတွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါ အငြိမ့်ပွဲတော်အား ဧပြီလ ၂၉ ရက်နေ့တွင် စင်ကာပူနိုင်ငံ Kallang Theater ၌တင်ဆက်မည် ဖြစ်ကာ လူရွှင်တော်ဇာဂနာ ဦးစီးသည့် အနုပညာအဖွဲ့မှ ပါဝင် တင်ဆက်သွားမည်ဟု သိရှိရသည်။
“ဒီပွဲကို ကိုဇာဂနာ စီစဉ်တာပါ။ စီစဉ်ရတဲ့ အဓိကအကြောင်းရင်းကတော့ စင်ကာပူမှာ ရောက်နေတဲ့ မြန်မာတွေနဲ့အ တူတူ သင်္ကြန်ပုံရိပ်တွေ ပြန်လည်ခံစားနိုင်ဖို့ရယ်၊ သင်္ကြန်ရဲ့ဝိညာဉ်လို့ ဆိုရမယ့် သံချပ် တွေကို ပြန်လည်ပုံဖော်တင်ဆက်နိုင် ဖို့ရယ် ဒီပွဲလေးကိုစီစဉ်ဖြစ်တာပါ။ ဒီပွဲမှာ တခြားအငြိမ့်ပွဲမျိုးထက် သင်္ကြန်ရဲ့ မြူးမြူးကြွကြွ ရသမျိုးတွေ ပေါ်လွင်အောင် တင်ဆက်မှာပါ” ဟု အဆိုပါဖျော်ဖြေပွဲတွင် ပါဝင်တင်ဆက်မည့် သရုပ်ဆောင် လူရွှင်တော် အရိုင်းက ပြောပြခဲ့သည်။
‘မြန်မာ့သင်္ကြန် အငြိမ့်ပွဲတော်’ တွင် လူရွှင်တော် ဇာဂနာ ၊ အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ မေတ္တာနှင့် ကြေညာ မထားသည့် လူရွှင်တော် နှစ်ဦး ပါဝင်မည်ဖြစ်ပြီး မင်းသမီး ချောအိငြိမ်း ပါဝင်ကပြမည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။