Tuesday, April 24, 2012

ဖောင်စီးရင်းရေငတ်နေသည့် တောင်သူလယ်သမားများအခွင့်မသာသေး


ဘိုကလေးမြို့နယ်တွင်းရှိ မလော့ကျေးရွာအုပ်စု အလယ်စု ကျေးရွာ၊ သဇင်ငူကျေးရွာအုပ်စု အုန်းပင်စုကျေးရွာများနှင့် အခြား ကျေးရွာများတွင်
 လယ်ယာစိုက် ပျိုးစရိတ်နှင့်စပါးဈေးကွာဟမှုများ ကြောင့် ထိုကျေးရွာများမှတောင် သူလယ်သမား မိသားစုများမှာ အရှုံးပေါ်နေ ကြောင်းသိရသည်။ ဆန်စက်များကုန်သည်ကြီးများက စပါးဈေးကိုသာ ထုတ်ပြန်ထား သောနှုန်း (၃၃၀၀၀၀)ကျပ်ဖြင့် မည်သူကမျှ မ၀ယ်သော်လည်း ဆန်ဈေးနှုန်း များမှာ ဈေးတက် ရောင်းချနေ သောကြောင့် လယ် သမားများမှာ စပါးဈေးလျှော့ ရောင်းဆန်ဈေး တက်ဝယ်နေရ သည့်အဖြစ်သို့ ရောက်ရှိနေကြ သည်ဟု သိရသည်။
ယင်းဖြစ်ပေါ်နေသော အ ခြေအနေများကို သည်းမခံနိုင်ကြ ၍ လယ်သမား ၃၀ ခန့်သည် တည်ဆဲဥပေဒပြဋ္ဌာန်းချက်များနှင့် အညီ ငြိမ်းချမ်းစွာ ဆန္ဒပြရန်- ပထမအဆင့်အနေဖြင့်ဘိုကလေး မြို့နယ် ရဲတပ်ဖွဲ့မှူးထံ တောင်သူ လယ်သမားများ၏ အခက်အခဲ များနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း ဧပြီလ ၁၁ရက် ၂၀၁၂ နေ့စွဲဖြင့် တင်ပြသတင်းပို့ခဲ့ကြကြောင်း သိ ရသည်။
အဆိုပါသတင်းပို့အကြောင်း ကြားစာအရ ဆန္ဒဖော်ထုတ်မည့် နေ့ရက်ကို ၂၀၁၂ ခုဧပြီလ ၁၈ ရက် နံနက် ၉နာရီမှ နေ့လည် ၁ နာရီထိ ဘိုကလေးမြို့ပေါ်တွင် ငြိမ်းချမ်းစွာ လှည့်လည်မည်ဖြစ် ကြောင်းနှင့် တောင်သူလယ်သ မား ၃၀ခန့်က သက်ဆိုင်ရာသို့ စပါးဈေးနှုန်းထိန်းညှိပေးပါရန်ဟု ရေးထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကြမည်ဖြစ်သည်။
ဘိုကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့မှူးရုံးသည် အထက်ပါ တောင်သူလယ်သမားများ၏အ ကြောင်းကြားစာကို ရရှိပြီးနောက် တွင် ဘိုကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့ရုံး၊ ဖျာပုံခရိုင် ဧရာဝတီ တိုင်းဒေသကြီးစာအမှတ်/၁၀၀၂ (၀၁)/၁၀၃/ ဦး ၁ရက်စွဲ ၂၀၁၂ ခုနှစ်ဧပြီလ ၁၁ရက် ရက်စွဲဖြင့် အကြောင်းပြန်ကြားခဲ့ကြောင်း ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး အကြောင်းပြန်ကြားစာအရသိရ သည်။
အကြောင်းပြန်ကြားစာ များအရ တောင်သူလယ်သမား ဦးသက်တင် မလော့ကျေးရွာအုပ် စု အလယ်စုကျေးရွာသို့ ၄င်း တောင်သူလယ်သမား ဦးတက် ထွန်း သဇင်ငူကျေးရွာအုပ်စု၊ အုန်းပင်စု သို့၎င်း (အကြောင်း ပြန်ကြားစာ၊ နည်းဥပဒေထုတ် ပြန်မှသာ ဆောင်ရွက်တင်ပြရန် အကြောင်းပြန်ကြားခြင်းဟူ၍ (ရည်ညွန်းချက်။ ။ ဦးတက်ထွန်း၊ ဦးသက်တင်တို့၏ ၁၁-၄-၂၀၁၂ ရက်စွဲပါ ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ခြင်း ကိစ္စတင်ပြစာဟု ရေး သားထားသည်။ ထိုအကြောင်း ပြန်ကြားစာ အပြည့်အစုံမှာ- ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခ ရိုင် ဘိုကလေးမြို့ပေါ်တွင် ၂၀၁၂ ခုနှစ်ဧပြီလ ၁၈ရက်နေ့၌ တောင်သူလယ်သမားများ၏အခက် အခဲများနှင့် ပတ်သက်၍ ငြိမ်း ချမ်းစွာဆန္ဒဖော်ထုတ်မည့် စီတန်း လှည့်လည်ခြင်းများပြုလုပ်လိုပါသ ဖြင့် ဘိုကလေးမြို့နယ်၊ မလော့ ကျေးရွာအုပ်စု အလယ်စုကျေး ရွာနေ ဦးသက်တင်(ဘ)ဦးလှတင် ၅၃ နှစ်နှင့် သဇင်ငူကျေးရွာအုပ် စု အုန်းပင်ကျေးရွာနေ ဦးတက် ထွန်း(ဘ) ဦးချစ်ခင် ၄၈ နှစ် တို့မှ ရည်ညွန်းစာဖြင့် တင်ပြ လျှောက်ထားလာပါသည်။ အဆို  ပါ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်ငြိမ်း ချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေအရ ခွင့်ပြုမိန့် တောင်းခံ လာခြင်းကို လောလောဆယ် နည်းဥပဒေထုတ်ပြန်ရခြင်းမရှိသေး ၍ နည်းဥပဒေထုတ်ပြန်ပြီးမှသာ ဆောင်ရွက်တင်ပြကြရန်အကြောင်း ပြန်ကြားပါသည်ဟု ပါရှိပါသည်။
ထို့နောက် ဆက်လက်ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ တွင် ကိုသက်တင်နှင့် သက်ထွန်း တို့ထံ ဦးစန်းမောင် လူမှုဆက်ဆံ ရေးနှင့် ပညာရေးဝန်ကြီး၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဧရာဝတီတိုင်းဒေသကြီး။ ဦးမြ သိန်း ပြည့်သူ့လွှတ်တော်ကိုယ်စား လှယ်၊ ဧရာဝတီတိုင်းဒေသကြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ် ချုပ်ရေးမှူး၊ ခရိုင်တပ်ဖွဲ့မှူး မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဘိုကလေးမြို့နယ်တို့မှ သွား ရောက်၍ နှစ်ဆန်း ၂ရက်နေ့မှ စ၍ စပါးဈေးကို သုံးသိန်းအနည်း ဆုံးထား၍၀ယ်ယူမည်ဖြစ်ကြောင်း ပြောကြားဆွေးနွေးသော်လည်း ယနေ့အချိန်ထိ ဘိုကလေးမြို့ တွင်စပါး(၁၀၀)နှစ်သိန်းခုနှစ်သောင်း ဖြင့်သာ ၀ယ်ယူနေကြောင်း ယင်း တောင်သူလယ်သမားများထံမှ သိရှိရသည်။
ဦးသက်တင် ဦးတက်ထွန်း တို့မှ မိမိတို့ တောင်သူလယ်သ များ၏ နစ်နာခံစားနေရသော အခက်အခဲများကို အမြန်ဆုံးဖော် ထုတ်နိုင်ရန်အတွက် ဥပဒေပြု ရေးအခန်းကဏ္ဍသည် အလွန်အ ရေးပါသော အချက်ဖြစ်နေပါသ ဖြင့် နိုင်ငံရေးပါတီများမှ ဆောင် ရွက်လှုံဆော်ပေးနိုင်ရန် ဆက် လက်အကြောင်းကြားခဲ့ကြောင်း လည်းသိရသည်။

ဥယျာဉ်မှူး (Hot News)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။