၂၀၁၂-၂၀၁၃ နှစ် ကချင်ပြည်နယ် မူလတန်းပညာရေးအတွက် ကျပ်သိန်း(၁၉၀)ရ
၂၀၁၀ခုနှစ် ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရတက်လာပြီးနောက်ပို
ပြုလုပ်ခဲ့သည်။
“မူလတန်းဆိုရင် အားလုံးအခမဲ့။ မနှစ်တုန်းက ပြည်ထောင်စုက ဘက်ဂျက် မချပေးဘူး။ စာအုပ်ကတော့ တိုက်ရိုက်ပေးပါတယ်။” ဟု ဝန်ကြီးဒေါ်ဘောက်ဂျာကဆိုသည်။
စစ်ပြေးတိမ်းရှောင်နေသည့် ဒုက္ခသည် ကျောင်းသားစာရင်း လက်ရှိကောက်ခံရသည့် စာရင်းများအရ ၀ိုင်းမော်မြို့နယ်ရှိ ဒုက္ခသည်စခန်းတွင် (၁၂၂၆) ဦး၊ စင်ကြိုင်စခန်းတွင် (၃၂၆)ဦး၊ ဆံဒုံစခန်းတွင် (၁၀၉)ဦး၊ ပူတာအိုမြို့နယ်တွင် (၃၃)ဦး၊ တပ်ကုန်း ရဝမ်ဘုရားကျောင်း စခန်းတွင်(၁၂)ဦး ရှိကြောင်း သိရသည်။
“ကျမတို့ အရမ်းပျော်တယ်။ မနှစ်ကလည်း အခမဲ့လို့ ပြောပြီး ကလေးကျောင်းစရိတ်ပေးရပါတယ်။ ဒီနှစ်လည်း ဘယ်လိုလာမလဲ။ တကယ်ပဲအခမဲ့ဆိုရင်တော့ ကောင်းတာပေါ့။” ဟု မြစ်ကြီးနား ခေမာသီရိမူလတန်းကျောင်မှကျောင်းသားတစ်ဦး၏ မိခင်က ပြောသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လက်အောက်ခံနယ်မြေရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသည့် ဒုက္ခသည်ကျောင်းသားများကိုမူ UNကတဆင့် ကျောင်းစရိတ်များအတွက်အကူအညီပေးမည် ဖြစ်ကြောင်း လည်း ဝန်ကြီးဒေါ်ဘောက်ဂျာက ဆိုသည်။

ဂျာတော့(ပ်) (မြစ်မခ)
by Myit Makha Mediagroup
by Myit Makha Mediagroup
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။