
တောင်အာဖရိကသမ္မတ ဇူးမားနှင့် Bongi Ngema (အလယ်လူ)ကို မင်္ဂလာပွဲတွင် တွေ့ရစဉ်
အင်ကန်ဒလာမြို့ရှိ ၎င်း၏ နေအိမ်တွင် အသက် ၇၀ နှစ်ရှိ ဇူးမားက ၎င်း၏ မင်္ဂလာပွဲကို ဇူးလူးရိုးရာအတိုင်း ပြုလုပ်ခဲ့သည်။ ယခုမင်္ဂလာပွဲမှာ ဇူးမားအတွက် ခြောက်ကြိမ်မြောက် လက်ထပ်ခြင်းဖြစ်ပြီး ၎င်း၏ ယခင်ဇနီးတစ်ဦးမှာ သေဆုံးခဲ့ပြီးဖြစ်ကာ အခြားဇနီး တစ်ဦးမှာမူ ကွာရှင်းထားသဖြင့် လတ်တလောတွင် ဇနီးလေးဦး ရှိလာခြင်းဖြစ်သည်။ ဇူးမားတွင် ကလေး ၂၁ ဦးရှိကြောင်းလည်း သိရသည်။
ဇူးမားသည် Bongi Ngema ဆိုသော အမျိုးသမီးနှင့် နှစ်ပေါင်းများစွာ တွဲလာခဲ့ကြခြင်းဖြစ်ပြီး ယခုအချိန်တွင် လက်ထပ်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အသက် ခုနစ်နှစ်ရှိ သားတစ်ဦးလည်းရှိကြောင်း သိရသည်။
မိန်းမတစ်ဦးထက် ပိုယူခြင်းကို တောင်အာဖရိကတွင် ဥပဒေအရ ခွင့်ပြုထားသော်လည်း လူငယ်မျိုးဆက်သစ်များထဲတွင်မူ ယင်းလုပ်ရပ်အပေါ် ကြိုက်နှစ်သက်မှု လျော့ကျလာနေကြောင်း သိရသည်။
၂၀၀၉ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့သော ဇူးမား၌ Sizakele Zuma၊ Nompumelelo Ntuli-Zuma နှင့် Tobeka Madiba Zuma ဟုခေါ်သော ယခင်ဇနီးသုံးဦး ရှိသည်။
Ref:CNN
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။