သုံးခွမြို့နယ်တွင် ကျေးရွာ(၄၀) သောက်သုံးရေ အခက်ကြုံ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် မုတ္တမပင်လယ်အနီးရှိ ကျေးရွာ(၄၀)ခန့်တွင် (၃)နှစ်တစ်ကြိမ်ခန့်ဖြစ်ပွား လေ့ရှိသော ရေကန်များခမ်းခြောက်သွားသောကြော
“အခုအချိန်မှာတော့ ရွာတော်တော်များများမှာ ရေကန်တွေခမ်းကုန်ပြီ။ ရေသုံးချင်ရင် ရေကျန်သေးတဲ့ နီးစပ်ရာရွာတွေမှာ သွားသယ်ရပါတယ်။
ရေကျန်တဲ့ရွာတွေမှာလဲ နောက်တစ်ပတ်လောက်ဆို ရှိမှာ မဟုတ်တော့ဘူး”ဟု အိမ်ခြေ (၁၂၀) ခန့်ရှိသော မဟာမိတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးနိုင်ကပြောသည်။
ကျေးရွာတစ်ရွာတွင် ရေကန် နှစ်ကန်ခန့် အနည်းဆုံးရှိကြသော်လည်း မြေသားမကောင်းခြင်း၊ ကန်ဘောင် အက်ကွဲခြင်း တို့ကြောင့် လျှင်မြန်စွာခမ်းခြောက်ရခြင်ြး
“ရေတွင်းတူးပေးတဲ့ အလှူရှင်တွေတော့ ရှိပါတယ်။ ဒါပေမယ့် ထွက်တဲ့ရေက ရေငန်တွေပဲဖြစ်နေတယ်။ အဲတော့ လာလှူတဲ့ အလှူရှင်တွေလည်း စိတ်မကောင်းဖြစ်သွားတယ်။ ရေကတော့ အ၀တ်လျှော် ဘာလျှော်လောက်ပဲရတယ်။

ဒါပေမယ့် တစ်ချို့က ဒီရေကိုပဲ တစ်ရက်လောက်တည်ထားပြီး အပေါ်ယံရေကို သောက်ကြတယ်”ဟု အိမ်ခြေ(၈၅) လုံးရှိသော စစ်ကိုင်းစုကျေးရွာမှ ရွားသားတစ်ဦးကပြောသည်။
ထိုကဲ့သို့ ရေခမ်းခြောက်ခြင်းမှာ နှစ်စဉ်မဖြစ်သော်လည်း အနည်းဆုံး (၃)နှစ်တစ်ကြိမ်ခန့်ဖြစ်ပွာြးေ
“ခွပ်ဒေါင်းပါတီက တရက်လာသွားတယ်။ သင်္ကြန်အကြတ်နေ့ကလာသွားတာ။ ဒါတောင်မှ တစ်အိမ်တစ်ပုံးပဲ ရတယ် ။ မလောက်ပါဘူး ၊ဒီလိုပဲကြံဖန်နေရတာပေါ့”ဟု မဟာမိတ်ကျေးရွာမှ ရွာသားတစ်ဦး ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်အတွင်းတွင် ကျေးရွာ(၆၄) ရွာ၊ ရွာခွဲ (၁၀၀)၀န်းကျင်ရှိပြီး၊ ကျေးရွာ အများစုမှ ရွာသူ၊ ရွာသားများမှာ လယ်သမားနှင့် လက်လုပ်လက်စား အခြေခံ လူတန်းစားများဖြစ်ကြောင်း၊ ပင်လယ်ကမ်းစပ်နှင့် နီးသောကြောင့် တံငါအလုပ်လုပ်ကိုင်သူ အနည်းငယ်ရှိကြောင်း သိရသည်။
ကျော်ဇင်မန်း(မြစ်မခ)
by Myit Makha Mediagroup
by Myit Makha Mediagroup
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။