Tuesday, April 24, 2012

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ ၀င်ရေး၊ မ၀င်ရေးမှာ သူမ၏ သဘောဆန္ဒသာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားဟု AFP သတင်းဌာနက သတင်းပြန်လည် ရေးသားဖော်ပြထား

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ ၀င်ရေး၊ မ၀င်ရေးမှာ သူမ၏ သဘောဆန္ဒသာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားဟု AFP သတင်းဌာနက သတင်းပြန်လည် ရေးသားဖော်ပြထား


ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ ၀င်ရေး၊ မ၀င်ရေးမှာ သူမ၏ သဘောဆန္ဒသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဧပြီလ ၂၃ ရက်နေ့ ပြောကြားချက်ကို ကိုးကားပြီး ဂျပန်မီဒီယာများက ရေးသားခဲ့သည်ကို အေအက်ဖ်ပီ သတင်းဌာနက သတင်းပြန်လည် ရေးသားဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်မှ ကြိုဆိုနေပါကြောင်း၊ သို့ရာတွင် လွှတ်တော်သို့ ၀င်ရေး၊ မ၀င်ရေးမှာ သူမ၏သဘောဆန္ဒသာ ဖြစ်ပါကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် သတင်းထောက်များအား ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ကတိသစ္စာပြုချက်တွင် ပါဝင်သော စာသားကို ပြင်ဆင်ရန် ဖြစ်နိုင်ခြေ နှင့် ပတ်သက်၍ မေးမြန်းမှုကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွှတ်တော်သို့ ၀င်ရေး၊ မ၀င်ရေးမှာ သူမကသာ ဆုံးဖြတ်ရမည် ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်ဟု အေအက်ဖ် ပီသတင်းတွင် ဖော်ပြထားသည်။
“ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်က ကြိုဆိုနေပါတယ်”ဟု  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နိုင်ငံတော်သမ္မတဦးသိန်းစိန်က  မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ပတ်သက်၍ နောက်ကြောင်း ပြန်လှည့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။
ပြည်သူများ၏ အကျိုးစီးပွား အတွက် မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း ဆောင်ရွက်ချင်ပါကြောင်းလည်း သမ္မတကြီးက ပြောကြားခဲ့ပြီး အစိုးရအဖွဲ့သို့ ၀င်ရန် တံခါးဖွင့်ထားပါကြောင်း၊ သို့ ရာတွင် သူမ၏ဦးစားပေး သတ်မှတ်ချက်များကို သူမကသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည် ဟု သတင်းတွင် ဖော်ပြထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ မေးခွန်းကို နိုင်ငံတော်သမ္မတက ပြင်ဆင်ရေးကို ပြည်သူများ၏ သဘောထားဆန္ဒက ဆုံးဖြတ် လိမ့်မည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု အေအက်ဖ်ပီ က ရေးသားထားသည်။
ထို့အပြင်ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်မှ ကြိုဆိုနေပါကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဧပြီလ ၂၃ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ပြောကြားခဲ့သည်ကို ကိုးကား၍ ကျိုဒိုသတင်းအေဂျင်စီ၏ သတင်းရေးသားမှုကိုလည်း ကူဝိတ်သတင်းအေဂျင်စီက ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင်ပင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ ၀င်ခြင်း၊ မ၀င်ခြင်းမှာ သူမ၏ သဘောဆန္ဒသာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည် ကို ဖော်ပြထားပါသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဂျပန်နိုင်ငံသို့ ငါးရက်ကြာချစ်ကြည် ရေးခရီး ရောက်ရှိနေစဉ်အတွင်း  သတင်းထောက်များအား ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ပြည်သူများ၏ အကျိုးစီးပွား အတွက် မိမိအနေဖြင့် ဒေါ်အောင် ဆန်းစုကြည်နှင့် ပူးပေါင်း ဆောင်ရွက်ချင်ပါကြောင်း သမ္မတကြီးက ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် ပတ်သက်၍ နောက်ကြောင်းပြန်လှည့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားပါ သည်။
ထို့အပြင် နိုင်ငံတော်သမ္မတက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လွှတ်တော်တွင် အများစု၏ ထောက်ခံမှုဖြင့် ပြင်ဆင် နိုင်သည်ကို ပြဋ္ဌာန်း ထားပါကြောင်းကိုလည်း ပြောကြားခဲ့ပါသည်ဟု ဖော်ပြထားသည်။
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် များသည် ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သော ပထမအကြိမ် လွှတ်တော် တတိယပုံမှန်အစည်းအဝေးများကို ကျမ်းသစ္စာကျိန်ဆိုရာတွင် ပါဝင်သော စကားလုံး ပြင်ဆင်ရေး နှင့်ပတ်သက်၍ သဘောတူညီမှု မရရှိသေး၍ မတက်ရောက်ခဲ့ကြကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ကတိသစ္စာပြုချက် တွင် ပါဝင်သော “နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်” စာသားအစား “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာ”ဟူ၍ ပြင်ဆင်ရန် လိုလားလျက် ရှိနေသည်ဟု ဖော်ပြထားသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။