မော်လမြိုင်တွင် စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာ၊အားတိုးဆေး ဈေးမြင့်တက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ စိုက်ပျိုးရေးသုံးဆေးဝါးပစ္စည်းဈေးကွက်တွင် အပင်အားတိုးဆေးနှင့်
ဓါတ်မြေသြဇာဈေးနှုန်းများမှာ မြင့်တက်လျှက်ရှိသောကြောင့် စိုက်ပျိုးရေးသမားများ အခက်အခဲဖြစ်လျက် ရှိကြောင်း သိရသည်။
ဓါတ်မြေသြဇာဈေးနှုန်းများမှာ မြင့်တက်လျှက်ရှိသောကြောင့် စိုက်ပျိုးရေးသမားများ အခက်အခဲဖြစ်လျက် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မိုးရာသီသို့ ရောက်ရှိလာချိန်အနီးတွင် အပင်အားတိုးဆေးဈေးကွက်၌ ပုလဲ ၁ တင်းခွဲဝင် တစ်အိတ်လျှင် ကျပ် (၂၁၀၀၀) ၀န်းကျင်၊ MPK (သံကွင်း) ၁တင်းခွဲဝင် တစ်အိတ်လျှင် ကျပ် (၁၅၀၀၀)၀န်းကျင်၊ GP အချိန် ၁၅ ပိသာာဝင် တစ်အိတ်လျှင် ကျပ်(၃၀၀၀) ၀န်းကျင်၊ သရဖူ တံဆိပ် တစ်အိတ်လျှင် ကျပ် (၆၀၀၀) ၀န်းကျင်၊ ကွန်ပေါင်းဓါတ်မြေသြဇာ တစ်အိတ်လျှင် ကျပ် (၁၇၀၀၀)မှ(၂၀၀၀၀) ၀န်းကျင်သာ ဈေးရှိခဲ့ကြောင်း သိရသည်။
လက်ရှိ စိုက်ပျိုးရေးသုံးဆေးဝါးပစ္စည်းေ
ဈေးကွက်တွင်း ကုန်ပစ္စည်းဈေးနူန်းများမြင့်
“ကျွန်တော်တို့ ကားသမားတွေဆိုတာကလည်း ဆီဈေးတက်ရင် သယ်ယူစရိတ် တင်ပို့ခကို ပိုတောင်းတက် ကျတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း ဈေးနည်းနည်းတက်။ ကုန်ပစ္စည်းဈေးတွေကလည်း နည်းနည်းတက်တာနဲ့ ဈေးကွက်ထဲရောက်တော့ တော်တော်လေးတက်သွားတာပါ” ဟု မြ၀တီ-ဘားအံ-မော်လမြိုင်သို့ လိုင်းကားပြေးဆွဲနေသူ ကိုမော်လေး ကပြောသည်။
“မြ၀တီကနေ ကျွန်တော်တို့ ဆိုင်တွေအထိကို (ပုလဲအားဆေး) ၁တင်းခွဲတစ်အိတ်ကိုဆိုရင် ၀ယ်ဈေးရော သယ်ယူစရိတ်ပါ၊ ဒီအရောက် ကျပ် ၂၃၅၀၀ လောက်ကျတယ်” ဟု မော်လမြိုင်မြို့မှ ရော်ဘာဆေးဝါးပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ဒေါ်ဌေးဌေးဝင်းက ပြောသည်။
မော်လမြိုင်ဈေးကွက်တွင်းသို့ မြ၀တီ(ယိုးဒယား)နယ်စပ်နှင့် ရန်ကုန်မှ စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးမျ
အောင်ကိုကိုလတ် (မြစ်မခ)
by Myit Makha Mediagroup
by Myit Makha Mediagroup
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။