လွှတ်တော်တွင် ငြိမ်းချမ်းရေးကိစ္စတင်ပြရန် ကချင်ကိုယ်စားလှယ်များ ပြင်ဆင် ဆောင်ရွက်ခဲ့ကြ
တတိယပုံမှန်လွှတ်တော်အစည်းအဝေးတွင် ငြိမ်းချမ်းရေးကိစ္စ တင်ပြတောင်းဆိုရန် ပြင်ဆင်ထားခဲ့ကြောင်း ကချင်ပြည်နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များထံက သိရှိရသည်။
“ငြိမ်းချမ်းရေးအတွက် အဓိက တင်ပြမယ်။ ဒါမှမဟုတ်ရင် မေးခွန်းပြန်မေးရင် မေးမလို့လေ။ မေးခွန်းဖြစ်ဖြစ် ပြန်လှည့်မေးမယ်။ မြန်မာအစိုးရ
စစ်တပ်တွေ ဘယ်လို စဉ်းစားနေကြလဲ။ ကျမတို့ ကချင်တိုင်းရင်းသားတွေကို အကုန် သတ်ပစ်ချင်နေကြတာလား။ နင်တို့ အစီအစဉ် ဘယ်လို ရှိတာလဲလို့ မေးမယ်။ သူတို့ ဖြေချင်တာ ဖြေပါစေ” ဟု အင်ဂျန်းယန်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက သူ၏ ပြင်ဆင်ချက်များအား မြစ်မခသို့ ပြောသည်။
ပြီးခဲ့သည့် လွှတ်တော်စည်းဝေးများတွင် စစ်ပြေးဒုက္ခသည်များအတွက် တင်ပြခဲ့သော်လည်း မိမိလိုချင်သည့် အဖြေမရရှိသေးကြောင်းကိုလည်း သူကဆက်ပြောသည်။
လွှတ်တော်အစည်းအဝေးတွင် တင်ပြတောင်းဆိုရန် ပြင်ဆင်ထားမှုရှိသော်လည်း ပါတီ အစည်းဝေးတွင် အရင်ဆွေးနွေးမှ လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း မိုးမောက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဇော်ထွန်းက ဆိုသည်။
“ကျတော်တို့ ဒုက္ခသည်တွေက တစ်နေ့ထက်တစ်နေ့ ပိုပိုများလာတယ်။ ဒါကြောင့်မို့
လူထုနဲ့ ချီပြီး ကျတော်ပြောရမှာပေါ့။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အားလုံးက လိုချင်နေကြတာလေ။ ကျတော်တို့ မြို့က ပိုခံနေရတယ်လေ။ တင်သွင်းဖို့တော့ ရှိတယ်။ အမြန်ဆုံး အပစ်အခက်ရပ်ဆဲရေး ကျွန်တော်တို့ လူထုကလည်း တောင်းဆိုနေတယ်လေ။ တောင်းဆိုနေတာကို ကျတော်တို့ ဘယ်လိုလုပ်ဆောင်ရရင် ကောင်းမလဲ တိုင်ပင်မှုတော့ လုပ်ရမှာပါ။” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဇော်ထွန်းက ပြောသည်။
တတိယအကြိမ်လွတ်တော်အစည်းအဝေးတွ
အစိုးရထံက မည်သည့်ကူညီများရရှိနိုင်မည်ဖြစ်ကြောင်
ဦးခက်ထိန်နန်က ဆိုသည်။
တတိယအကြိမ် လွှတ်တော်အစည်းအဝေးအပြီးတွင် တိုင်းရင်သားရေးရာကော်မတီက မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားရိုးရာစာပေယဉ်ကျေး
“လွှတ်တော်အစည်းအဝေးပြီးတာနဲ့ ကရင်၊ ကယား၊ မွန်၊ တနင်္သာရီ၊ တိုင်းရင်းသားရိုးရာကော်မတီကို ဦးဆောင်ပြီး သွားကြမယ်။ တိုင်းရင်းသားနဲ့ ပတ်သက်ပြီး သူတို့ ဘာတင်ပြချင်တာလဲ။ ဘာလိုအပ်လဲ။ ဘာတွေကျဆုံးနေလည်း အဲ့ဒီကအစပေါ့။” ဟု တိုင်းရင်းသားရေးရာ ကော်မတီအတွင်းရေးမှူး
ဦးခက်ထိန်နန်ကပြောသည်။
ယခင် လွှတ်တော်အစည်းအဝေးများတွင် တိုင်းရင်းသား စာပေသင်ကြားခွင့်၊ ယဉ်ကျေးမှုဖြစ်သည့် ဆို၊ က၊ ရေး၊ တီးများကို ဗမာတိုင်းရင်းသားများနည်းတူ အစိုးရမှ ပြိုင်ပွဲများကျင်းပပေးလျှက်ယဉ်
တင်ပြခဲ့သည်။
တစ်ဆက်တည်းမှာပြင် အစိုးရ ဝန်ထမ်းများ၌လည်း ခရစ်ယာန်ဘာသာဝင်များအား ရာထူးတိုးမြင့်ပေးခြင်း မရှိသည့်အပေါ် ပြုပြင်ပေးသင့်ကြောင်းလည်း တောင်းဆိုခဲ့သည်။
၂၀၁၀ခုနှစ် ရွေးကောက်ပွဲကျင်းပပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များ ပုံမှန်စည်းဝေးများကျင်းခဲ့ရာတွ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒီတစ်ခါခေါ်တဲ့ လွှတ်တော်အစည်းအဝေးက ဟို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်း တွေကို ဆွေးနွေးအတည်ပြုရန်အတွက်ပဲ။ လွှတ်တော်မှာ တင်ပြဖို့ ဘာမှ မပြင်ဆင်ရသေးပါဘူး။” ဟု မိုးညှင်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလေးက လွှတ်တော်အတွက် မပြင်ဆင်ရသေးကြောင်းပြောသည်။
ယခုအကြိမ် တတိယပုံမှန်လွှတ်တော်အစည်းအဝေးအာ
ဂျာတော့ပ်(မြစ်မခ)
by Myit Makha Mediagroup
by Myit Makha Mediagroup
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။