Tuesday, April 24, 2012

ဒဂုံဆိပ်ကမ်းမြို့ နယ်မှာသောက်သုံးရေရှားပါးပြတ်လပ်ပြီး ၀မ်းရောဂါဖြစ်ပွါးနေ


ဧပြီလ (၂၀,၂၁)ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက် (ကျူးကျော်)တွင် နေထိုင်သူ လူ ဦးရေ (၂၀၀၀) ကျော်နှင့် အိမ် ခြေ(၆၀၀)ကျော်နေထိုင်လျက်ရှိပြီး ယခုနွေရာသီတွင် သောက်သုံးရေ
 ရှားပါးပြတ်လပ်လျက်ရှိသလို ၇- လသားကလေးငယ်မှစ၍အသက် (၄၀)ကျော် လူကြီးများအထိ ၀မ်း ရောဂါဖြစ်ပွားလျက်ရှိကြောင်းသိရ သည်။
အဆိုပါ ရပ်ကွက်ရှိ ရောဂါ ဖြစ်ပွားသူအများစုမှာ မိမိအစီအ စဉ်ဖြင့် ဆေးရုံ၊ ဆေးခန်းများတွင် သွားရောက် ကုသလျက်ရှိပြီး တ ချို့မှာမူ ဆေးရုံ၊ ဆေးခန်းမပြသ နိုင်၍ ဓာတ်ဆားရေသောက်၍ ကုသလျက်ရှိကြောင်းသိရသည်။
အဆိုပါ ရက်များအတွင်း အလှူရှင်အချို့ရေပေးလှူခဲ့ကြောင်း သောက်သုံးရေကားနှစ်စီးဖြင့်NLD ဒဂုံဆိပ်ကမ်းမြို့နယ် ဥပဒေတာ ၀န်ခံက သွားရောက်လှူဒါန်းခဲ့ ကြောင်း၊ ၀မ်းလျှောဝမ်းပျက်ဖြစ် နေသူများအတွက် ဆေးဝါးများ လှူဒါန်းခဲ့ကြောင်းလည်း သိရ သည်။
ရောဂါဖြစ်ပွားရခြင်းနှင့်ပတ် သက်ပြီး ““အစားအစာနှင့် သောက်သုံးရေသန့်ရှင်းမှုမရှိခြင်း၊ အိမ်တိုင်းစေ့ ယင်လုံအိမ်သာမရှိ ခြင်း””တို့ကြောင့်ဖြစ်ကြောင်း (၆၇) ရပ်ကွက်ရတနာအိမ်ရာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချိုဦးမှပြော ကြားချက်အရ သိရသည်။

 NWH(ကြယ်ကလေး) Hot News

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။