Tuesday, April 24, 2012

နေပြည်တော် ဘောဂသီရိရပ်ကွက်တွင် လျှပ်စစ်မီးမရှိသေးကြောင်း ဒေသခံများပြောဆို

နေပြည်တော် ဘောဂသီရိရပ်ကွက်တွင် လျှပ်စစ်မီးမရှိသေးကြောင်း ဒေသခံများပြောဆို



နေပြည်တော်၊ ဘောဂသီရိကားဝင်းအနောက်ဘက်နှင့် ရာဇဌာနီလမ်းမကြီး တောင်ဘက်ရှိ ဘောဂသီရိ ရပ်ကွက်တွင် ယခုအချိန်အထိ လျှပ်စစ်မီးမရှိသေးကြောင်း ဒေသခံများထံက သိရသည်။

ရာဇဌာနီလမ်းမကြီး တောင်ဘက်ရှိ ဘောဂသီရိရပ်ကွက်တွင် တစ်နှစ်ကျော်ကြာပြောင်းရွှေ့နေထိုင်ခဲ့ သော်လည်း ယခုထိ လျှပ်စစ်မီးမရရှိခြင်း ဖြစ်သည်။

“ပြောင်းခိုင်းတုန်းက ကျူးကျော်ဆိုပြီး နှစ်နာကြေးလည်း တစ်အိမ်မှ တစ်သိန်းပဲပေးတယ်။ အိမ်ကြီးတာမှ ငါးသိန်းပဲပေးတယ်။ အဲမှာတုန်းက မီးနဲ့နေရတယ်။ ပြောင်းခိုင်းတုန်းက မီတာဘောက်တွေ သိမ်းသွားတယ် ဟိုဘက်ရောက်ရင် မီတာပြန်ချပေးမယ် အိမ်ပြီးတာနဲ့ ပြန်လျောက်လိုက်ဆိုပြီး အခုကျတော့ နေလာတာ တစ်နှစ်ကျော်သွားပြီ ဘာမှ လာမလုပ်ပေးဘူး” ဟု ဘောဂသီရိရပ်ကွက်သို ပန်းခင်း(၃)ရပ်ကွက်က ပြောင်းရွှေ့လာသူ မိသားစုဝင်တစ်ဦးက ပြောသည်။

အဆိုပါ ရပ်ကွက်သို့ ၂၀၁၀ ခုနှစ် စက်တင်ဘာလပိုင်းတွင် ပျဉ်းမနား၊ ရွာကောက်အုပ်စု၊ ပန်းခင်း (၂) ရပ်ကွက်နှင့် ပန်းခင်း (၃) ရပ်ကွက်မှ ပြောင်းရွှေခံခဲ့ရပြီး အိမ်ခြေ (၆၀)၀န်းကျင်ရှိသည်။

ဘောဂသီရိရပ်ကွက်တည်ဆောက်ပြီး တစ်နှစ်ကျော်ကာလတွင်း မီးတိုင်များလာရောက်စိုက်ထူခဲ့သော်လည်း ရပ်ကွက်တစ်ခုလုံး စိုက်ထူခြင်းမျိုးမဟုတ်ကြောင်း၊ မီးရရှိလိုသူများအနေဖြင့် မီတာ (၃၀၀)ကွာဝေးသည့် မီးတိုင်မှ သွယ်တန်းရကြောင်း ဘောဂသီရိရပ်ကွက်မှ လျှပ်စစ်မီးသွယ်တန်းထားသူ ဦးစိုးတင့်ကပြောသည်။

လျှပ်စစ်မီးကြိုးသွယ်တန်းရန် ငွေကြေးအခက်အခဲရှိသူများအနေဖြင့် လျှပ်စစ်မီးရရှိရန် အခက်အခဲဖြစ်နေ ကြောင်း သိရှိရသည်။  “လိုအပ်တာတွေကို ကျွန်တော်တို့ဆီကို စာတင်ပါ။ ကျွန်တော်တို့ကလည်း
စီစစ်ပြီးအထက်ကို တင်ပြ ပေးပါ့မယ်။ ဆောင်ရွက်ပေးပါ့မယ်” ဟု နေပြည်တော် ပျဉ်းမနား၊ လျှပ်စစ်ဖြန့်ဖြူးရေးမှ တာဝန်ရှိသူတစ်ဦးက လျှပ်စစ်မီးရရှိနိုင်ရေးနှင့်ပတ်သက်၍ အကြံပေးပြောဆိုသည်။


အောင်ကိုကိုလတ် (မြစ်မခ)
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။