အနားပေးခဲ့သည့် ဒစ္စကာဗာရီ အာကာသ လွန်းပြန်ယာဉ်အား ဘိုးအင်း ၇၄၇
လေယာဉ်ပေါ်တင်ကာ နောက်ဆုံးအကြိမ် ပျံသန်းခဲ့ပြီး စမစ်ဆိုနီယမ် ပြတိုက်တွင်
ပြသထားရှိရန် ပို့ဆောင်
နိုင်ငံတကာ အာကာသစခန်းနှင့် ကမ္ဘာမြေအကြား ပို့ဆောင်ရေးကို တာဝန်ယူရသော လွန်းပြန်ယာဉ်များထဲမှ တစ်ခုဖြစ်သည့် ဒစ္စကာဗာရီ အာကာသ လွန်းပြန်ယာဉ်ကို အနားပေးခဲ့ပြီးနောက်
ဧပြီလ ၁၇ ရက်နေ့တွင် ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီ အာကာသစင်တာမှ ၀ါရှင်တန်သို့ ဘိုး အင်း ၇၄၇ လေယာဉ်ပေါ်တင်ကာ ပို့ဆောင်ပေးခဲ့သည်။ ဧပြီလ ၁၉ ရက်နေ့တွင် ၀ါရှင်တန်မြို့တော်အနီးရှိ ဗာဂျီးနီးယားပြည်နယ်၊ ချန်တီလီရှိ စမစ်ဆိုနီယမ် အမျိုးသားလေကြောင်းနှင့် အာကာသပြတိုက်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
လွန်းပြန်ယာဉ်များထဲတွင် သက်တမ်းအကြာဆုံး ပျံသန်းနိုင်ခဲ့ သည့်ယာဉ်အဖြစ် ၂၈ နှစ်တာအတွင်း ခရီးစဉ် ၃၉ ကြိမ်မျှ ပျံသန်းနိုင်ခဲ့သော ဒစ္စကာဗာရီကိုနာဆာမှ အာကာသယာဉ်မှူးများ အပါအ၀င် ပညာရှင်များ၊ ပရိသတ်များက သယ် ဆောင်ရာခရီးလမ်းကြောင်း တစ် လျောက် ကြိုဆိုခဲ့ကြသည်။
ဒစ္စကာဗာရီသည် ကျန်ရှိနေသေးသည့် လွန်းပြန်ယာဉ် သုံးစင်းအနက် ပြတိုက်သို့ ပထမဆုံးရောက် ရှိလာသည့် ယာဉ်ဖြစ်ပြီး အန်ဒဲဗားနှင့် အတ္တလန္တိတ် လွန်းပြန်ယာဉ်တို့ကိုလည်း ပြတိုက်သို့ ဆက်လက်ပို့ဆောင် မည်ဖြစ်သည်။
အမေရိကန်သည် အာကာသ လွန်းပြန်ယာဉ်များကို အနားပေးခဲ့ပြီဖြစ်သောကြောင့် အနာဂတ်တွင် နောက်ထပ်ယာဉ် အမျိုးအစားအသစ် မတီထွင်နိုင်မီစပ်ကြား၌ ရုရှားဆိုယုဇ် ဒုံးယာဉ်များကိုသာ အာကာသစခန်းသွား ခရီးအတွက် အားထားရမည် ဖြစ်သည်။
Ref: AFP

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။