ယာဉ်မောင်းများအားလုံး တပြေးညီခံစားခွင့်ရရှိစေရန် တောင်းဆိုသွားမည်
အထူးအခွင့်အရေးရ(VIP)ယာဉ်မောင်းနှင့် သာမန်အမည်ပေါက်ယာဉ်မောင်းများအား တပြေးညီ ခံစားခွင့် ရရှိ စေရန် အတွက်နိုင်ငံတော်သမ္မတအထိ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန အမည်ပေါက်အဌားယာဉ်မောင်းသူများက ဆိုသည်။
“ကျွန်တော်တို့ကို မြေပေါ်လွှာနဲ့ အောက်ခြေလွှာဆိုပြီး ခွဲလိုက်သလိုပါပဲ။ အခုကျွန်တော်တို့ အမည်ပေါက် ယာဉ်မောင်းတွေကို ဘယ်သူ့ကိုမှ ထပ်ဆင့်လွှဲမောင်းခွင့် မပြုရလို့ အမိန့်ထုတ်တယ်။ လွှဲပြောင်းခွင့်ပြုရင် ကားလဲသိမ်းမယ်။ စပေါ်လည်း သိမ်းမယ်တဲ့။ အထူးအခွင့်အရေးရ ယာဉ်မောင်း(VIP) တွေကျတော့ လွှဲပေးတဲ့ သူတွေကိုဆို စာချုပ်တောင်ချုပ်စရာမလိုဘူး`ဟု ဟု အဌားယာဉ်မောင်း လုပ်သက် (၁၇) နှစ် ရှိသူ ဦးမြင့်ဆွေက ပြောသည်။
ဦးမြင့်ဆွေက ဗီအိုင်ပီယာဉ်မောင်းများနှင့် သာမန်ယာဉ်မောင်းများအား ခွဲခြားဆက်ဆံမှု၊ အထူးအခွင့် အရေးခွဲခြားခြင်း တို့
အဆိုပါ အဌားယာဉ်များသည် ၁၉၉၅ ခုနှစ်(၇) လပိုင်းတွင် ဂျပန်မှ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကာ ကားအစီးပေါင်း (၂၃၅)စီး ရှိပြီး ၉၁/ ၉၂ ထုတ်မော်ဒန်များဖြစ်ကြောင်း၊ ၅(က)..၆(က).. ၇(က)…၈(က)…၁(ခ)….အစရှိသည့် အက္ခရာနံပါတ်များဖြစ်ကြောင်း သိရှိရသည်။
“ဒီအဌားယာဉ်လုပ်ငန်းက အစိုးရဘတ်ဂျတ်ငွေနဲ့ လည်ပတ်နေတာ မဟုတ်ပါဘူး။ ပုဂ္ဂလိက သဘောမျိုးပါ။ ၀န်ထမ်းတွေအတွက် သက်သာချောင်ချိရေးအဖွဲ့ဆိုပြီး ဆောင်ရွက်ပေးနေတာပါ။ အဌားယာဉ် ထားရှိရခြင်း ရည်ရွယ်ချက်က ခရီးသွားပြည်သူတွေ လွယ်ကူ အဆင်ပြေ ချောမွေ့သက်သာစေရန်ပါ`ဟု ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က ပြောသည်။
အဆိုပါအဌားယာဉ်များကို တနေ့လျှင် နံနက်(၆)နာရီမှ ည (၁၁)နာရီအထိ နေ့မောင်းကို ၈၀၀၀( ရှစ်ထောင်) ကျပ် သတ်မှတ်၍ ည (၁၁)နာရီမှ နံနက် (၆)နာရီအထိ ညမောင်းကို ၂၀၀၀(နှစ်ထောင်)ကျပ် သတ်မှတ်ထား ကြောင်း နှင့် (၂၄)နာရီလုံးဌားရမ်းလိုလျှင် ယာဉ်ဌားရမ်းခနှုန်း ၁၀၀၀၀(တစ်သောင်း) သတ်မှတ်ထားကြောင်း၊ အမည် ပေါက် ယာဉ်မောင်းတစ်ယောက်လျှင် စပေါ်ငွေအဖြစ် (၈)သိန်းတင်ရကြောင်း သိရှိရသည်။
`ကျွန်တော်တို့ စီးပွား ကူးသန်းက ယာဉ်တွေကို တနေ့ကို နေ့မောင်း ၈၀၀၀(ရှစ်ထောင်) ကျပ်၊ တနေ့လုံး(၂၄) နာရီလုံး ဆိုရင် ၁၀၀၀၀ (တစ်သောင်း)ကျပ်နဲ့ ဌားပါတယ်။ အခုတော့ အဌားယာဉ်မောင်းတွေက ဒီဘက်ကပေးတဲ့ အခွင့်အရေးတွေကို ယူပြီး အပြင်ဈေးနဲ့ပြန်ဌားစားကြတာကို တွေ့ရတယ်။
အဲ့ဒီလို ကိစ္စတွေ၊ ပြသနာတွေရှိတဲ့အတွက် စည်းကမ်း အတိုင်း လုပ်ရတာပါ။ ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က ပြောသည်။
ယမင်း(မြစ်မခ)
by Myit Makha Mediagroup
by Myit Makha Mediagroup
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။