
သာသနာ့ဝန်ဆောင် ပရဟိတကျောင်းသို့ တော်ရိလျော်ရိ သင်္ကြန်သံချပ်အဖွဲ့မှ အလှူငွေ ပေးအပ်လှူဒါန်းစဉ်
သာသနာ့ဝန်ဆောင် ပရဟိတကျောင်းနှင့် မန္တလေးစာပေ အနုပညာရှင်များ လူမှုကူညီရေးအဖွဲ့သို့ ဧပြီလ ၂၁ ရက်နေ့က ပြန်လည် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုကို ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန်သံလမ်းဘေး မဟာဝိဇိတာရာမတိုက် သာသနာ့ဝန်ဆောင် ပရဟိတကျောင်းတွင် ပြုလုပ်ခဲ့ပြီး သာသနာ့ဝန်ဆောင် ပရဟိတကျောင်းသို့ ကိုးသိန်းကျပ်နှင့် မန္တလေးစာပေအနုပညာရှင်များ လူမှုကူညီရေးအဖွဲ့သို့ ကျပ်တစ်သိန်းအား အသီးသီး လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မန္တလေးမြို့တွင် ၂၀၁၂ ခုနှစ် သင်္ကြန်ပွဲတော် ကာလအတွင်းက လူရွှင်တော်နှုတ်ခမ်းမွှေး ပါပါလေး၏ ခွပ်လိုက်ကြစို့ သူငယ်ချင်း(ဗြောင်ပြောဒဲ့ပြော)သံချပ်အဖွဲ့နှင့် မန္တလေး မြို့စာရေးဆရာ၊ ကဗျာဆရာများ၏ သံချပ်အဖွဲ့တို့က မြို့အနှံ့လှည့်လည် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။