Tuesday, April 24, 2012

ဝန်ကြီး ဦးအောင်မင်း နဲ့အဖွဲ့ဟာ နော်ဝေးနိုင်ငံကို သွားရောက်ခဲ့ပြီး အပြန်မှာ KNPP နှင့် တွေ့ ဆုံဆွေးနွေး

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ၀န်ကြီး ဦးအောင်မင်း နဲ့အဖွဲ့ဟာ နော်ဝေးနိုင်ငံကို သွားရောက်ခဲ့ပြီး အပြန်မှာ KNPP အဖွဲ့က ခူးဦးရယ် ခေါင်းဆောင်တဲ့ ၇ ဦးပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က ညနေ ၃ နာရီမှာ ၂ နာရီခွဲကြာ အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။
 
နှစ်ဖက်ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးခဲ့တာတွေနဲ့
ပတ်သက်လို့ KNPP ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ခူးဦးရယ် က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

"ကျနော်တို့ အရင်က ဆွေးနွေးခဲ့တဲ့ အကြောင်းအချက်တွေနဲ့ ပတ်သက်ပြီး သမ္မတ ဆီ ယူသွားပါဆိုတော့ သမ္မတ ကများ ဘာအတွေ့အကြုံများ
ပြောလိုက်သလဲ။ တချက်ချင်းကို ဘယ်လိုများ သမ္မတ က မိန့်မှာလိုက်သလဲ ဆိုတာကို ကျနော်တို့ သူ့ကို မေးတာ မြန်းတာ အလွတ်သဘောပါပဲ။ သဘောတူညီမှုရပြီး နောက်ပိုင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေ ပတ်သက်ပြီးတော့ ဘာတွေများ ဖြစ်ပျက်ခဲ့သလဲပေါ့၊ နောက် အဲ့ဒါလေးတွေပဲ ကျနော်တို့ တစ်ယောက်ကို တစ်ယောက် အပ်ပဒိတ် လုပ်တဲ့သဘောပါပဲ၊ နောက် ပြည်တောင်စု အဆင့်ကို သွားဖို့အတွက် ဘယ်အချိန်များ နှစ်ဖက်စလုံးအတွက် အဆင်ပြေနိုင်မလဲဆိုတဲ့ အချိန်လေးကိုပဲ ကျနော်တို့ ညှိကြတာပါ။ ဒါပေမယ့် သဘောတူညီတဲ့ အဆင့်တော့ မရောက်နိုင်သေးဘူး၊"

လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ မတ်လဆန်းက အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့စဉ်က KNPP ဖက်ကနေ အချက် ၂၀ တင်ပြတောင်းဆို ထားပြီး အဲ့ဒီထဲက အချက် ၄ ချက်ကို သဘောမတူ ဖြစ်ခဲ့တာကြောင့် သမ္မတ ဦးသိန်းစိန်ထံ တင်ပြပြီးမှ အကြောင်းပြန်မယ်လို့ ၀န်ကြီး ဦးအောင်မင်း တို့ဘက်က ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့်နဲ့ဆက်ဆွေးနွေးနိုင်ဖို့ကိုတော့ KNPP ဘက်က
မေလထဲမှာတွေ့ဆုံဖို့ တင်ပြခဲ့ပေမယ့် ၀န်ကြီး ဦးအောင်မင်းက တခြား တိုင်းရင်းသားအဖွဲ့တွေ မွန်၊ ကရင်၊ စတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ရှိနေသေးသလို လွတ်တော်တက်ရောက်ဖို့လည်းရှိနေတဲ့အတွက် မအားလပ်သေးကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။