Tuesday, April 24, 2012
ရုပ်ရှင်ထဲတွင် ဗိုလ်ချုပ်ဖြစ်လိုသူများ မေလ(၇)ရက်နေ့အထိ လျှောက်ထားနိုင်
ရုပ်ရှင်ထဲတွင် ဗိုလ်ချုပ်ဖြစ်လိုသူများ မေလ(၇)ရက်နေ့အထိ လျှောက်ထားနိုင်
ဗိုလ်ချုပ်အောင်ဆန်းအတ္တုပ္ပတ္တိရုပ်ရှင်ဇာတ်ကားရိုက်ကူးရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် သရုပ်ဆောင်လိုသော မည်သူမဆိုလျှောက်ထားနိုင်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲက သတင်းထုတ်ပြန်သည်။
  ဗိုလ်ချုပ်အောင်ဆန်းဇာတ်ရုပ်နှင့် ပီပြင်စွာသရုပ်ဆောင်လိုသူများကို ထပ်မံရှာဖွေခေါ်ယူလိုသောကြောင့် သရုပ်ဆောင်လိုသူများအနေဖြင့် ဧပြီလ ၂၅ရက်နေ့မှ မေလ ၇ ရက်နေ့အထိလျှောက်လွှာများ တင်ပို့နိုင် ကြောင်း ၄င်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် သရုပ်ဆောင်လိုသူများကို ပြီးခဲ့သည့် ဧပြီလ(၇)ရက်နေ့က လူတွေ့စစ်ဆေး ခေါ်ယူခဲ့ရာ စကားတင်(၃)ဦး ရွေးချယ်ပြီးသော်လည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ စိတ်တိုင်းကျသူ မတွေ့ရှိသေး ခြင်း ကြောင့် ယခုကဲ့သို့ထပ်မံခေါ်ယူရခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
၂၀၁၅ခုနှစ် တွင်ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်တွင် ဗိုလ်ချုပ်အောင်ဆန်းဗိုလ်ချုပ် အတ္တုပ္ပတ္တိရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်ရန်အတွက် ထပ်မံခေါ်ယူခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် သရုပ်ဆောင်လိုသူ ပြည်တွင်းပြည်ပက မြန်မာလူမျိုးမည်သူမဆို အမှတ် (၁၀၁) ဘီ ၊ ဓမ္မစေတီလမ်း ၊ ကမာရွတ်မြို့နယ် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့သို့ လာရောက် ဆက်သွယ်နိုင်ကြောင်းနှင့် ဖုန်းနံပတ် ၀၉-၇၃၁၆၂၇၀၀ နှင့် အီးမေးလ် bogyokeaungsanmovie@gmail.com သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။
by Myit Makha Mediagroup 
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။