Friday, August 30, 2013

တောင်ဥက္ကလာ ဓားနဲ့ ပါးကို ခြစ်တဲ့ အမှုပေါ်ပြီ

ရန်ကုန်တိုင်း ဒေသကြီး ၊ တောင်ဥက္ကလာပ မြို့နယ် ၊ (၁ဝ)ရပ်ကွက် ၊ အာဿက(၂၂)လမ်း နှင့် (၂၅)လမ်းအနီးတွင် သြဂုတ်လ(၂၇)ရက်နေ့ မွန်းလွဲ (၂)နာရီခွဲခန့်က ဆိုက်ကား စီးလာသူ ဒေါ်ချိုချိုဝင်း မျက်နှာကို ဓားဖြင့် လှီးခဲ့သူ တရားခံများအား ဖမ်းဆီး ရမိပြီး ဖြစ်ကြောင်း သိရပါတယ်။ 


ဓားဖြင့် လှီးခံရသူ တောင်ဥက္ကလာပ မြို့နယ်၊ (၁ဝ)ရပ်ကွက် နေ သူ ဒေါ်ချိုချိုဝင်း ၊ အသက်(၄၆) နှစ်ဟာ ကျောင်းကြိုဖို့ အာဿက(၂၂) လမ်း အအတိုင်း ဆိုက်ကားစီး လာခဲ့ရာ (၂၅)လမ်းဖြတ် အရောက်မှာ မျက်နှာပြင် အား ဓားဖြင့်လှီးခံရ၍ သင်္ဃန်းကျွန်း စံပြဆေးရုံ အရေးပေါ် ဌာနတွင် (၁၆)ချက် ချုပ်လိုက် ရကြောင်း သိရတယ်။

အိမ်နီးချင်း ရန်ငြိုးထားပြီး  ဒေါ်ချိုချိုဝင်း နှင့် အိမ်နီချင်းဖြစ်သူ ဦးလှဌေး (မုန့် မျိုးစုံလုပ်ငန်း) က လူငှားရမ်း စေခိုင်း ခဲ့တာလို့ သိရပါတယ်။ ကိုယ်တိုင်မလုပ်ဘဲ လူငှားပြီး လုပ်ခိုင်းတာကြောင့်  ကြားက ပူးပေါင်း ပါဝင်သူ အပါအ၀င် တရားခံ (၅)ဦး ဖမ်းဆီးထားကြောင်း သိရပါတယ်။

အဆိုပါ တရားခံတွေကတော့ ရာကွတ် (၃၅)နှစ် ၊ ဟိန်းမင်းထက် (၃၂)နှစ်၊ လှတိုး(၅၃)နှစ် ၊ မိုးသူ (၂၇)နှစ် (မျက်နှာအား ဓားဖြင့်လှီးခဲ့သူ) နှင့် လှဌေး (၅၉)နှစ် (ငှားရမ်းစေခိုင်းသူ) တွေ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။

by Myanmar News Now

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။