Thursday, August 2, 2012

ရန်ကုန်ဆိပ်ကမ်း နယ်မြေအတွင်း ယခင်အစိုးရ လက်ထက်ခွင့်ပြုပြီး ဆိပ်ခံတံတားများမှ အပ ဆိပ်ခံတံတားသစ်များ ထပ်မံတည်ဆောက်ခွင့် မပြုတော့ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား ဆိပ်ခံတံတားသစ် တည်ဆောက်လိုပါက သီလ၀ါဆိပ်ကမ်း ဒေသတွင်သာ ခွင့်ပြုပေးသွားမည်ဟုဆို


5181
ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းပြမြေပုံ
ရန်ကုန်ဆိပ်ကမ်း နယ်မြေအတွင်း ယခင်အစိုးရ လက်ထက်ခွင့်ပြုပြီး ဆိပ်ခံတံတားများမှအပ ဆိပ်ခံတံတားသစ်များအား ထပ်မံ တည်ဆောက်ခွင့်ပြုတော့မည် မဟုတ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဇူလိုင်လ ၂၉ ရက်နေ့ က ပြောကြားခဲ့ပါသည်။

“အရင်အစိုးရလက်ထက် ခွင့်ပြုပြီးဆိပ်ခံတံတားတွေကိုပဲ တည်ဆောက်ခွင့်ပေးသွားမယ်။ နောက်ထပ် တည်ဆောက်ချင်တဲ့ ဆိပ်ကမ်း အားလုံးကို သီလ၀ါကိုပို့မယ်၊၊ သီလ၀ါ မှာပဲ တည်ဆောက်ခွင့်ပြုသွားမယ်” ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင် က ပြောကြားခဲ့သည်။
ယခင်အစိုးရလက်ထက် ဆိပ်ခံတံတား တည်ဆောက်ရန် ခွင့်ပြုပေးခဲ့သည့် မြေနေရာခုနစ်ခုရှိပြီး၊ မြန်မာ့ စက်မှုဆိပ်ကမ်း တိုးချဲ့မြေနေရာ(အလုံ သင်္ဘောကျင်း)၊ သိမ်ဖြူသင်္ဘောကျင်း မြေနေရာ၊ အလုံသစ်တောဝင်း အမှတ် ၁၊ ၂၊ ၃ မြေနေရာများ၊ ရွှေနာဝါဆိပ်ကမ်းနှင့် အေးရှားဝေါ ဆိပ်ကမ်းအမှတ် ၄ တံတားမြေနေရာတို့ ဖြစ်ပြီး၊  ယင်းမြေနေရာများတွင် ဆိပ်ခံတံတားသစ် ၁၄ စင်း ဆောက်လုပ် သွားမည်ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်ဆိပ်ကမ်း ရှိ ပင်လယ်ကူး သင်္ဘောကြီးများဆိုက်ကပ်နိုင်သော အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား ၁၈ခုရှိပြီး၊ ယင်းတို့မှာ အေးရှားဝေါလ်၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ ဆူးလေ အမှတ် ၁ မှ၇ အထိ၊  ဗိုလ်အောင်ကျော် ၁မှ၃ထိ ဆိပ်ခံတံတားများ၊ ထီးတန်းဆီတင်ချတံတား၊ Htedan Port Terminal  အမှတ်၂၊  ၃တံတားများဖြစ်ပြီး၊ D.W.T ၁၅၀၀ အလျား၁၆၇မီတာ၊ ရေစူး ၉မီတာ ရှိ သင်္ဘောကြီးများ ဆိုက်ကပ် နိုင်ကြောင်း သိရသည်။
သီလ၀ါဆပ်ကမ်းတွင်အလျား ၂၀၀ မီတာ၊ ရေစူး ၉ မီတာနှင့် တန်ချိန် ၂၀၀၀၀ D.W.T ရှိသော သင်္ဘောကြီးများ ၀င်ထွက်ဆိုက်ကပ်နိုင်သည့် MIP ဆိပ်ခံတံတား တစ်စင်းနှင့် MITT ဆိပ်ခံတံတားငါးစင်းရှိကြောင်း သိရသည်။
အဆိုပါ ဆိပ်ခံတံတားများ တည်ဆောက်ရာတွင် ရန်ကုန်မြစ်၏ သဘာဝနှင့် ကိုက်ညီစေရေး၊ ဆိပ်ကမ်းတံတားများနှင့် ပတ်သက် ဆက်နွယ်ကာ သဘာဝပတ်ဝန်းကျင် အပေါ်ဆိုးကျိုးများနှင့် ထိခိုက်မှုများ မဖြစ်စေရေး၊ ဆိပ်ခံတံတားနှင့် တံတားဝင်းများကို တည်ဆောက်ရာတွင် လိုအပ်သည့် အင်္ဂါရပ်များနှင့် အညီတည်ဆောက်ရန် စီစဉ်သွားမည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။