Thursday, August 2, 2012

မင်္ဂလာဒုံမြို့နယ်မှာ ရေကြီး




မင်္ဂလာဒုံမြို့နယ် ရပ်ကွက်အတွင်း ရေကြီးရေလျှံ
ရန်ကုန်မြို့မင်္ဂလာဒုံမြို့နယ် မြသီရိ ၁ လမ်းနဲ့ ၂ လမ်း လူနေရပ်ကွက်အတွင်း ရေကြီး ရေလျှံမှုတွေ ဖြစ်နေတာကြောင့် ရပ်ကွက်နေ ပြည်သူတွေ ဒုက္ခ ရောက်နေကြတယ်လို့
သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အပြင် ရပ်ကွက်အတွင်း စီးတဲ့ ရေမြောင်းတွေ ပိတ်ဆို့
နေတာကြောင့် ရေကြီး ရေလျှံ ဖြစ်ခဲ့တာပါ။ အဲဒီလို မြောင်းပိတ်ဆို့တာဟာလည်း ဟွန်ဒါကုမ္မဏီက ရပ်ကွက်ထိပ်မှာရှိတဲ့ ရေထွက်ပေါက်တွေကို မြေဖို့ ပိတ်ဆို့ခဲ့တာကြောင့်
အခုလို ရေကြီးတာတွေ ဖြစ်နေတာလို့ ဒေသခံတွေက ပြောဆို ခဲ့ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။