Thursday, August 2, 2012

ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ်၌ ၀င်ခွင့်များစတင်ခေါ်ယူ၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် အနိမ့်ဆုံးရမှတ် ၄၅၀ နှင့် အထက်ရှိသူများ လျှောက်ထားနိုင်


5183
ရန်ကုန်နည်းပညာတက္ကသိုလ်
ရန်ကုန်နည်းပညာ တက္ကသိုလ် ၌ ယခုနှစ်ပညာသင်နှစ်မှ စတင်၍၀င်ခွင့်များ ခေါ်ယူလျက်ရှိပြီး မန္တလေး နည်းပညာ တက္ကသိုလ်တွင်လည်း အလားတူ ခေါ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါ နည်းပညာတက္ကသိုလ်များသို့ ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အနိမ့်ဆုံးရမှတ် ၄၅၀ နှင့် အထက်ရရှိသူများ လျှောက်ထားနိုင်မည်ဖြစ်ပြီး ကျောင်းသားဦးရေ ၂၅၀ ဦးစီဖြင့်အမျိုးသမီး၊ အမျိုး သားဦးရေအချိုးတူ လက်ခံသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ (အဆင့်မြင့်ပညာဦးစီးဌာန အောက်မြန်မာပြည်)မှ သိရှိရပါသည်။
ရန်ကုန်နည်းပညာတက္ကသိုလ်၌ မြို့ပြ (Civil)၊ အီလက်ထရောနစ် (Electronic)၊ လျှပ်စစ်စွမ်းအား (Electrical) စက်မှု၊ စက်မှုအီလက်ထရောနစ်၊ သုတနည်းပညာ၊ သတ္တုဗေဒ၊ သတ္တုတူးဖော်ရေး၊ ရေနံ၊ ဓာတု၊ ချည်မျှင်နှင့်အထည်၊ ဗိသုကာစသည့် အင်ဂျင်နီယာ ဘာသာရပ်များအားဖွင့်လှစ် သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းကာလ ခြောက်နှစ်ပြီးစီးအောင်မြင်ပါက ပြီးမြောက် အောင်မြင်သည့် ဘာသာရပ်အလိုက်  B.E ဘွဲ့နှင့် B.Arch ဘွဲ့တိုက်ရိုက် အပ်နှင်းချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
အလားတူ မန္တလေးနည်းပညာ တက္ကသိုလ်၌လည်း မြို့ပြ၊ အီလက်ထ ရောနစ်၊ လျှပ်စစ်စွမ်းအား၊ စက်မှု၊ စက်မှုအီလက်ထရောနစ်၊ သုတနည်း ပညာ၊ ဓာတု၊ နျူကလီးယားနှင့်ဇီဝ စသည့် အင်ဂျင်နီယာဘာသာရပ်များ ကို ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ B.E ဘွဲ့အတွက် ခြောက်နှစ်နှင့် B.S ဘွဲ့အတွက် လေးနှစ်တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။
သင်ကြားခွင့်ပြုမည့် ဦးစားပေးဘာသာရပ်ကို တက္ကသိုလ်ဝင် စာမေးပွဲရမှတ်ပေါ် မူတည်ကာ လိုအပ်ချက်အရ ခွဲဝေသတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ တက္ကသိုလ်များသို့ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊  ဓာတု ဗေဒ၊ဘောဂဗေဒစသည့် ဘာသာတွဲ၊ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒဘာသာတွဲ၊ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ သမိုင်းဘာသာရပ်တွဲ၊ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ စိတ်ကြိုက်မြန်မာစာ ဘာသာတွဲ၊ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ပထ၀ီ ၀င်ဘာသာတွဲ စသည့် ဘာသာတွဲများဖြင့် အောင်မြင်ထားသူများ လျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။