Thursday, August 2, 2012

နယ်အဆွဲများ၍ အထက်ကားဈေးကွက်ပြန်လည်လှုပ်ခတ်


ရန်ကုန်ကားရောင်းဝယ်ရေးဈေးကွက်တွင်အထက်ကားများအားနယ်မှအဝယ်လိုက်လျက်ရှိကြောင်းဟံသာဝတီယာဉ်ရောင်းဝယ်ရေး စခန်းက သိရှိရသည်။

အဆိုပါ အမြင့်ကားဈေးကွက်သည် ကျပ် သိန်း (၃၀၀) မှ သိန်း (၃၅၀) ၀န်းကျင်တွင်ရှိနေပြီး နယ်မှ ဝယ်လက်များဖြင့်   ဈေးကွက်ရောင်းအားမာလျက်ရှိကြောင်း ကားအကျိုးဆောင်များက ဆိုသည်။

ကားဈေးကွက်ကတော့အမြင့်ကားတွေနဲ့ နယ်ဝယ်လက်တွေကြောင့် အရောင်းအ၀ယ်မာနေပါတယ်။ (၁၀)စီးရောင်းရရင် (၇)စီးလောက်က နယ်က ၀ယ်တာ။” ပာု ဟံသာဝတီ ကားဈေးကွက်မှ ကားဝယ်ရောင်း ဦးကျော်က ပြောသည်။

နယ်မှအဓိကထားအ၀ယ်လိုက်နေသောအမြင့်ကားများမှာပါရာဒို ပေါက်ဈေး သိန်း(၂၈၀- ၂၉၀)၊ဆိုက်ခ်ကနက်၊ဆက်ဖ် ပေါက်ဈေး သိန်း(၂၆၀) ၊လန်ကရူဆာ တို့ ဖြစ်ပြီး မော်ဒယ် ၉၇နှင့် ၉၈များ လူကြိုက်များကြောင်း သိရသည်။

ကျွန်တော်တစ်နေ့ကို ကားအရောင်းအဝယ်ဖြစ်တာ (၁၀)စီး၊ (၁၅)စီးလောက်ဖြစ်တယ်။ ဝယ်သူကတော့နယ်ဝယ်လက်တွေပေါ့။” ဟု ကားအကျိုးဆောင် ဦးသန်းနိုင်မှလည်း ပြောသည်။

နယ်ဝယ်လက်များသည် မြန်မာနိုင်ငံအထက်ပိုင်းမှ ဝယ်လက်များဖြစ်ပြီး ဇူလိုင်လလဆန်းမှ စတင်အဝယ်လိုက်ခဲ့ခြင်းဖြစ်သည်ဟု ကားဈေးကွက်အတွင်းက သိရသည်။

ဆိပ်ကမ်းများသို့ ကားသစ်ဝင်ရောက်မှုနှင့် အညီ ကားဈေးနှုန်းများ အပြောင်းအလဲရှိလာကြောင်းကိုလည်း ကားအကျိုးဆောင်များက သုံးသပ်သည်။

အမြင့် ကားဈေးတွေငြိမ်နေပေမဲ့ သိပ်မကြာခင် ကျသွားနိုင်တယ်။ ဘာလို့ လဲဆိုတော့ ကားသစ်တွေ  ထပ်ရောက်လာတော့မယ်လေ။” ပာု ဦးသန်းနိုင်က ဆိုသသည်။

ယခုလ အတွင်း မြန်မာနိုင်ငံသို့ ကားတင်သွင်းမှုမှာ ကားအစီးရေ ၆၀၀၀ ခန့် ရှိပြီး နောက်ထပ် ၂၀၀၀ ခန့် ထပ်ဝင်ရန်ရှိကြောင်း သိရသည်။

ထိုပြင့် စလစ်ဈေးနှုန်းများမှာလည်း ယခင် (၅၇) သိန်းမှ ယခု သိန်း (၆၀)ကျော် ၀န်းကျင်အထိ မြင့်တတ် လျက်ရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။