Thursday, August 2, 2012

ရန်ကုန်ဆိပ်ကမ်း နယ်မြေလေးခုအတွင်း ပြည်တွင်းခရီးသွား ဆိပ်ကမ်း၊ ရေပေါ်ဟိုတယ်ဇုန်၊ ရှော့ပင်းစင်တာ၊ လေဟာပြင်ညဈေး၊ ဖျော်ဖြေရေးနှင့်ကလပ် အဆောက်အုံများကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား


5184
ရန်ကုန်ဆိပ်ကမ်းနယ်မြေကို ဇွန်လ ၃၀ ရက်နေ့က တွေ့မြင်ရစဉ်
ရန်ကုန်ဆိပ်ကမ်း နယ်မြေလေးခု အတွင်း ပြည်တွင်းခရီးသွားဆိပ်ကမ်း၊ ရေပေါ်ဟိုတယ်ဇုန်၊ ရှော့ပင်းစင်တာ၊ လေဟာပြင်ညဈေး၊ ဖျော်ဖြေရေးနှင့် ကလပ်အဆောက်အုံများကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြားခဲ့သည်။

“ရန်ကုန်ဆိပ်ကမ်းနယ်မြေ တစ် ခုလုံးက အင်မတန်တန်ဖိုးကြီးတဲ့ နေရာဖြစ်တဲ့အတွက် River front View ဖြစ်အောင် လုပ်ဆောင်သွားမယ်။ ကွန်တိန်နာ သိုလှောင်လွင်ပြင်တွေ၊ ဆိပ်ခံတံတားတွေနဲ့ ကုန်တင်ကုန်ချလုပ်ငန်း သီးသန့်အတွက် မြေနေရာ အဖြစ်မခံတော့ပါဘူး။ Social & Commercial Sector  နေရာတစ်ခုဖြစ်အောင်ပဲ လုပ်ဆောင်သွားပါမယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ဇူလိုင်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။
ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက် ရေးစီမံကန်းလျာထားချက်တွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန် လုပ်ငန်းစဉ်လေးခုအား လျာထားကြောင်းလည်း သိရသည်။
ယင်းလုပ်ငန်းစဉ်များမှာ ရန်ကုန်ဆိပ်ကမ်း၊ လမ်းမတော်နယ်မြေ (ရွာသစ်ချောင်းနှင့် စဥ့်အိုးတန်းကြား)တွင် နိုင်ငံတကာအဆင့်မီ ပြည်တွင်းခရီးသွားဆိပ်ကမ်း (Inland Port Terminal)အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ခြင်း၊ ဆူးလေဆိပ်ကမ်း တံတား အမှတ် ၁၊ ၂၊ ၃၊ ၄တို့အား အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာနှင့် အထွေထွေ ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းအဖြစ် အဆင့်မြှင့်ပြုပြင် တည်ဆောက်ခြင်း၊ ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ဆိပ်ခံဗောတံတားအား အဆင့်မြင့် ခေတ်မီခရီးသည်တင် ဆိပ်ခံတံတား Modernized Passenger Terminal အဖြစ် ပြောင်းလဲတည်ဆောက်ခြင်း၊ ဗိုလ်တထောင်ဆိပ်ကမ်းရှိ ကမ်းပါး ထိန်းရေကာတံတိုင်းအား မြစ်ဘက် သို့တိုးချဲ့တည်ဆောက်ခြင်း၊ ဆိပ်ခံ ဗောတံတားများအား အဆင့်မြင့်ပြုပြင် တည်ဆောက်ခြင်းနှင့်နောက်ခံ မြေပေါ် အပန်းဖြေအနားယူနိုင်ရေး နေရာများနှင့်ဆိုင်ခန်းများ တည် ဆောက်ခြင်းစသည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။
ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသွားမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် လမ်းမတော်ကမ်းနားဒေသအား အဆင့်မြှင့် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကမ်းနားဟိုတယ်၊ သိုလှောင်ရုံများ၊ ဈေးဝယ်စင်တာများအား ထည့်သွင်းတည်ဆောက်ရန် လျာထားရေးဆွဲသွားမည်ဟု သိရသည်။
လက်ရှိအချိန်တွင် ဆူးလေဆိပ် ခံတံတားအမှတ် ၁ မှ ၇ အထိ တံ တားခုနစ်စင်းမှာ အထွေထွေကုန်စည် ကိုင်တွယ်နေသော တံတားများဖြစ်ပြီး၊ ယင်းတို့အနက်ဆူးလေအမှတ် ၁၊ ၂၊ ၃၊ ၄ ဆိပ်ခံတံတားများမှာ ၁၉၄၁ခုနှစ်ကတည်းက စတင်တည်ဆောက်အသုံးပြုခဲ့ခြင်းဖြစ်သဖြင့် ၎င်းတို့အစား အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာနှင့် အထွေထွေကုန်တင် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖြစ် Upgrading and Renovation လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
ကမ်းနားဒေသများတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့် အချိန်ကာလလျာထားချက်
စဉ်ဆောင်ရွက်မည့် အကြောင်းအရာအချိန်ကာလ
၁   စီမံကိန်းအကောင်အထည်ဖေါ် ဆောင်ရွက်ရန် ခွင့်ပြုချက်တောင်းခံခြင်း၂၆-၇-၂၀၁၂ မှ ၃၁-၇-၂၀၁၂
ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား ဖိတ်ခေါ်ရှင်းလင်းခြင်း ၆-၈-၂၀၁၂ မှ ၁၀-၈-၂၀၁၂
စိစစ်ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် တင်ဒါခေါ်ယူခြင်း     ၁၃-၈-၂၀၁၂ မှ ၁၇-၈-၂၀၁၂
တင်ဒါတင်သွင်းခြင်းနှင့် ဖွင့်ဖောက်စစ်ဆေးခြင်း    ၂၀-၁၀-၂၀၁၂ မှ ၂၆-၁၀-၂၀၁၂
တင်ဒါအောင်မြင်သော ကုမ္ပဏီများအား အတည်ပြုထုတ်ပြန်ခြင်း    ၂၉-၁၀-၂၀၁၂ မှ ၃၀-၁၁-၂၀၁၂
လုပ်ငန်းသဘောတူ စာချုပ်မူကြမ်း ညှိနှိုင်းရေးဆွဲခြင်းနှင့် အတည်ပြုချက်ရယူခြင်း     ၁-၁၂-၂၀၁၂ မှ ၃၁-၁၂-၂၀၁၂
ဝန်ကြီးဌာနနှင့် အထက်အဖွဲ့အစည်းများသို့ တင်ပြခွင့်ပြုချက်ရယူခြင်း၁-၁-၂၀၁၃ မှ ၃၁-၁-၂၀၁၃
ရွေးချယ်ခံရသော ကုမ္ပဏီနှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း       ၁-၂-၂၀၁၃ မှ ၁၅-၂-၂၀၁၃
အကြိုအင်ဂျင်နီယာ လုပ်ငန်းစတင်ခြင်းနှင့် လုပ်ငန်း အကောင်အထည်ဖော်ခြင်း       ၂၀၁၃  မှ  ၂၀၁၅
   

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။