Thursday, August 2, 2012

တောင်ဒဂုံ ပီနံအိတ်စက်ရုံလုပ်သား(၄ဝဝ)ကျော်ဆန္ဒထုတ်ဖော်မှု လတ်တလောပြေလည်မှုရရှိ


တောင်ဒဂုံစက်မှုဇုန်ရှိ ပီနံအိတ်စက်ရုံလုပ်သားဆန္ဒထုတ်ဖော်မှုမှာလတ်တလောအဆင်ပြေမှုရရှိသွားပြီ ဖြစ်ကြောင်း( TEFEL Packing Industries Co.ltd)ပီနံအိတ်ချုပ်စက်ရုံလုပ်သားများထံက သိရှိရသည်။
 
စက်ရုံလုပ်သားများ ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာအလုပ်သမားဝန်ကြီးဌာနမှ လာရောက်ညှိနှိုင်း ပေးခဲ့သည့်အတွက် ဇူလိုင်လ(၃၁)ရက်နေ့ ည(၁၂းဝဝ)ခန့်တွင် အလုပ်ရှင်မှ(၃)လ စောင့်ကြည်မှုနှင့်အတူ လိုက်လျောပေးလိုက်ခြင်းဖြစ်သည်။

ည၁၂းဝဝ နာရီဝန်းကျင်မှာ ဆန္ဒပြအလုပ်သမားခေါင်းဆောင်တွေကို အလုပ်ရှင်က ခေါ်တွေ့ပြီး လစာ ၁၂ဒဿမ ၈ ဒေါ်လာပေးမယ်၊ အလုပ်ပို လုပ်ပေးရမယ်၊ (၃)လအထိ စောင့်ကြည့်သွားမယ်၊ သတ်မှတ်ထားတဲ့ အလုပ်စံချိန် မလုပ်ပေးနိုင်ရင် ၈ ဒေါ်လာပဲ ပေးသွားမယ်ဟု အလုပ်သမားညှိ နှိုင်းရေးမှူး၏ ပြောကြားမှုကို အခြေခံ၍ စက်ရုံဆန္ဒပြလုပ်သားခေါင်းဆောင်က ဆိုသည်။
 
အဆိုပါဆန္ဒပြလုပ်သားများမှာ လုပ်ခလစာတိုးမြှင့်ရရှိရန်အတွက် တောင်ဒဂုံစက်မှုဇုန် မူဆယ်လမ်းရှိ တရုတ်လူမျိုးပိုင်(TEFEL Packing Industries Co.ltd)ပီနံအိတ်ချုပ်စက်ရုံတွင် စက်ရုံအလုပ်သမား(၄ဝဝ)ကျော်က ဇူလိုင်လ (၃၁)ရက်နေ့ နံနက်ပိုင်းက စတင်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

 
'ကျွန်တော်တို့ အလုပ်သမားတွေ(၁)လကို ဒေါ်လာ(၆)ကျပ် မြန်မာငွေ ၅သောင်းကျော်လောက် ရတယ်၊ နောက်မှဝင်လာတဲ့ လူသစ်တွေကို လစာတိုးပေးတယ်၊ လူဟောင်းတွေကို လစာတိုးမပေးတဲ့ အတွက် ကျွန်တော်တို့က လက်ရှိခံစားခွင့်တွေကို မဖျက်ပဲ လစာ(၆)ကျပ် ထပ်တိုးပေးဖို့ ဆန္ဒထုတ် ဖော်တာပါ'ဟု စက်ရုံအလုပ်သားကိုမျိုးသွင်က ပြောသည်။

 ပီနံအိတ်စက်ရုံဆန္ဒပြနေရာသို့ (၈၈)မျိုးဆက်ကျာင်းသားများအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ်မှ တာဝန်ရှိသူများ အလုပ်သမားသမဂ္ဂအစရှိသော အဖွဲ့အစည်းများမှလည်း စက်ရုံလုပ်သားဆန္ဒ ထုတ်ဖော်ရာနေရာသို့ လာရောက်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။