ရန်ကုန်(မဇ္ဈိမ) ။ ။ သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ အသက် ၁၆ နှစ် ပြည့်ပြီးသူများ အင်ဂျင်ပါဝါ ၁၁၀ စီစီ နှင့်
အောက် မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင်များ လျှောက်ထား ရယူနိုင်ကြောင်း နေပြည်တော် ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွန်ကြားမှုဦးစီးဌာန (ကညန)မှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။ ရန်ကုန် စည်ပင် နယ်နိမိတ်မှအပ ကျန်မြို့နယ်များအား ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။