18 April 2012 - ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ သက်ကြီးပူဇော်ပွဲတခု ဒီနေ့  နှစ်ဆန်း ၂ ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်သွားခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်တဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦးစတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အဖွဲ့ချုပ် သက်ကြီးခေါင်းဆောင်တွေဖြစ်တဲ့
ဦးအောင်ရွှေ၊ သူရဦးတင်ဦး၊ ဦးဝင်းတင်(ဟံသာဝတီ)၊ ဦးလှဖေ၊ ဦးသန်းထွန်း၊
ဦးညွန့်ဝေ စသူတို့ကို မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မြန်မာကျပ်ငွေ ၁
သောင်းစီနဲ့ အ၀တ်အစားတွေကို ကန်တော့ခဲ့ကြတာပါ။
ဒီဗွီဘီ
ဒီဗွီဘီ
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။