လူဦးရေ (၁၂၅) ဦးပါဝင်တိမ်းမှောက်သွားခဲ့သည့် မြမင်းအောင်ရှပ်ပြေးယာဉ်အားရာသီဥတုအခြေအနေဆိုးဝါးနေခြင်းကြောင့်
ယာဉ်နှင့်သေဆုံးသူများအား ပြန်လည်ဆယ်ယူရာတွင်အခက်အခဲများရှိနေကြောင်း
သိရှိရသည်။
အဆိုပါ
ရှပ်ပြေးယာဉ်သည် ဇူလိုင်(၂၀)ရက်နေ့တွင် ဗန်မော်မြို့နယ်
မြို့မရပ်ကွက်ဆိပ်ကမ်းမှ ထွက်လာအပြီး ဦးလည်၍ ဂီယာညုပ်ကာ
အခြားသင်္ဘောတစ်စီးအား တိုက်မိ၍ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
“ရှပ်ပြေး
စဖြစ်တဲ့နေ့ကနေ စပြီးတော့ ပြန်ဆယ်ဖို့ လုပ်နေပါတယ်။ ဒါပေမယ့်
ဒီရက်ပိုင်းအတွင်းမှာမိုးကတအားသည်းနေတော့ ပြန်ဆယ်ဖို့က ခက်နေတယ်။
လူအယောက်(၃၀)ကျော်လောက်တော့ပျောက် နေသေးတယ်။ စဖြစ်တဲ့နေ့ကနေ ဒီနေ့ထိကို
အလောင်း(၂၂)လောင်းပဲ ရသေးတယ်။”ဟု ဗန်မော်ဒေသခံ ကိုဇော်အောင်က ပြောသည်။
ရှပ်ပြေး
အထက်တန်းခန်း (Upper)ခန်းများမှ အလောင်းများကိုမူ ယခုထိ
ထုတ်ယူ၍မရသေးကြောင်းနှင့် တိုင်များ ဖိညုပ်၍ သေနေသော အလောင်းများလည်း
ရှိနေသေးကြောင်း သိရှိရသည်။
“မနေ့ကတော့
ရှပ်ပြေးပြန်ဆယ်မယ်လို့ပြောတယ်။ အလောင်းကတော့ ပတ်ရှာနေတုန်းပဲ။ မနေ့က (၇)
နာရီ ထိုးခါနီး အထိကို အောက်ဖက်တွေမှာ လိုက်ရှာနေတုန်း။ တချို့အလောင်းတွေက
ပျောက်သွားတယ်လို့ ပြော တယ်။ (၃) ရက်ရှိပြီဆိုတော့ ရေထဲမှာပွပြီးတော့
ကျိုးကျေနေတာတွေလည်းပါတယ်လို့ ပြောကြတယ်။”ဟု ဗန်မော်ဒေသခံ ကိုဇော်အောင်က
ပြောသည်။
အဆိုပါ
တိမ်းမှောက်သွားခဲ့သော ရှပ်ပြေးယာဉ်ပေါ်တွင် ခရီးသည်တွင်
တက္ကသိုလ်ဘောလုံးအားကစားသမား (၂၂) ဦး ပါရှိခဲ့ပြီး ကျား(၅၀)ဦး မ
(၂၀)ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲသည်။ ကျန်ရှိနေသေးသည့် အလောင်းများ
ဆယ်ယူမှုကိုလည်း ဆက်တိုက်ပြုလုပ်လျက်ရှိရာတွင်
မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း
သိရှိရသည်။
ရှပ်ပြေးယာဉ်တိမ်းမှောက်သွားမှုကြောင့်
ရှပ်ပြေးယာဉ်မောင်း ချစ်သဲ (ခ) ကျော်သီဟ (၂၉)နှစ်၊ (ဘ) ဦးကြည်သန်းအား
ဗန်မော်မြို့နယ် ရဲစခန်းမှ (ပ) ၂၂၁/၂၀၁၂၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၈၀/
၂၈၂/ ၃၀၄-က တို့ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း ပြည်တွင်းမီဒီယာ တစ်ခုတွင်
ဖော်ပြထားသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။