စစ်ကိုင်းမြို့
(၅)ထပ်ကြီးဘုရားအနီး ဘော်ဂါရပ်ကွက်များရှိ ဆင်များရှင်ကျောက်မျက်ဈေးမှ
ဈေးသူဈေးသား (၁၀၀)၀န်းကျင်က အချက်(၃)ချက်အား 23နေ့နံနက်ပိုင်းက
ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
ဆန္ဒပြတောင်းဆိုသည့်နေရာတွင်
ရဲနှင့် လုံခြုံရေး(၅၀)၀န်းကျင်ချထားကြောင်းနှင့်
ဆန္ဒထုတ်ဖော်ခွင့်ရရှိပြီးသည့်အတွက် ယခုကဲ့သို့
ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်းကိုလည်း ဆန္ဒပြသူများက ဆိုသည်။
ကျောက်မျက်
ဈေးတွင်စစ်ကိုင်းမြို့လမ်းဘေးကျောက်ဝိုင်းလုပ်ကိုင်ကြသူများအား
ရွှေ့ပြောင်းခိုင်းသူများ ပါဝင်ရောင်းချနေသော ဈေးဖြစ်၍
ယခင်လမ်းဘေးဝိုင်းများတွင် ရောင်းချစဉ်ကလောက် မရောင်းရသော
ဈေးသူဈေးသားများက ယခုကဲ့သို့ ဆန္ဒထုတ်ဖော်တောင်းဆိုခြင်းဖြစ်သည်။
‘ဒီဈေးကိုအရင်က
လမ်းဘေးကျောက်ဝိုင်းရောင်းချမှုက မသင့်တော်လို့ ပြောင်းရွေ့လာတဲ့သူတွေ
ဖွင့်လှစ်ရောင်းချနေတဲ့ဈေးပါ၊ အရင်ကလောက် အရောင်းအ၀ယ်မဖြစ်လို့
အချက်(၃)ချက် တောင်းဆို ကြတာပါ”ဟု ဆန္ဒပြရာတွင် ပါဝင်သည့်
ဆင်များရှင်ကျောက်မျက်ဈေး က ဈေးသည်တစ်ဦးက ပြောသည်။
၎င်းတို့
တောင်းဆိုနေကြသည့်အချက်များမှာ ဆင်များရှင်ဈေးအား စည်ပင်စွာ
ရောင်းဝယ်ဖောက်ကားနိုင်ရေး၊ အချောထည်ဈေးကွက် တည်ငြိမ်စေရေးနှင့်
ဝန်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတမှ သတ်မှတ်ထားသည့် ဈေးအတွင်းသာ
ရောင်းချနိုင်ရေး စသည့်အချက်များဖြစ်သည်၊

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။