Tuesday, August 27, 2013

ကန့်ဘလူ ပဋိပက္ခ အိမ် ၄၄ လုံးနှင့် ဈေးဆိုင် ၁၂ ခု မီးလောင်

သံသယရှိသူ ၁၂ ဦးကို အာဏာပိုင်တို့ ဖမ်းဆီးထား

အမျိုးသမီးတစ်ဦး ကာယိနြေ္ဒပျက်ပြား အောင်ပြုလုပ်ခံရမှုမှအစပြု၍ စတင်ဖြစ်ပွားခဲ့သော ကန့်ဘလူမြို့နယ်မှ လူအုပ်စုဖြင့် အကြမ်းဖက်သည့် ပဋိပက္ခများကြောင့်အိမ် ၄၄ လုံးနှင့် ဈေးဆိုင် ၁၂ ဆိုင် မီးလောင်ပျက်စီးခဲ့ကြောင်း သြဂုတ် ၂၅ ရက်ည ၈ နာရီကျော်တွင် အစိုးရကသတင်း ထုတ်ပြန်သည်။

ကနဦးသတင်းထုတ်ပြန်ချက်များတွင် မီးလောင်ကျွမ်းခြင်းမရှိသော်လည်း ဖျက်ဆီးခံရသည့် အိမ်သုံးလုံးနှင့် ဆိုင်သုံးဆိုင်ရှိကြောင်း ပါရှိခဲ့သည်။

ထိုပဋိပက်္ခများနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ တစ်ဦးနှင့် မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်သည်ဟု ယူဆရသူ ၁၁ဦးကို ဖမ်းဆီးထားပြီဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်လူအုပ်စုများကြောင့် မီးသတ်သမားတစ်ဦးနှင့် အခြားသူတစ်ဦးတို့ ဒဏ်ရာရရှိသွားခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသော်လည်း သူတို့၏ဒဏ်ရာအခြေအနေ စိုးရိမ်ဖွယ်ရှိ၊ မရှိကိုမူ ထုတ်ပြန်ချက်တွင် ထည့်သွင်း မဖော်ပြခဲ့ပေ။

အကြမ်းဖက်သူများကြောင့် လက်ဖက်ရည်ဆိုင်၊ ဆန်ပွဲရုံနှင့် ကွမ်းယာဆိုင်အချို့လည်း မီးရှို့ခံခဲ့ရသေးကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ပဋိပက္ခများဖြစ်နေသည်ကို တားဆီးရန် လာရောက်သည့် စစ်ကိုင်းတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအပါအ၀င် လုံခြုံရေးအဖွဲ့များကိုပင် အကြမ်းဖက်လူအုပ်စုများက လေးခွဖြင့်ပစ်ခတ်သဖြင့် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရသည်ဟု အစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် အကြမ်းဖက်သူများရှို့သဖြင့် နေအိမ်များမီးလောင်နေသည်ကို ငြှိမ်းသတ်သည့် မီးသတ်ကားများ ရေမဖြည့်သာ
အောင် လူအုပ်စုကြီးက တားမြစ်ခဲ့သေးသဖြင့် ထပ်မံ၍ သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့ရသေးသည်ဟုလည်း ဆိုထားသည်။

ယင်းဖြစ်ရပ်များဖြစ်ပွားသည်နှင့် တိုင်းအစိုးရအဖွဲ့မှ ၀န်ကြီးချုပ်အပါအ၀င် တိုင်းဝန်ကြီးအချို့၊ လွှတ်တော်အမတ်အချို့၊ သာသနာရေးဦးစီးမှူးစသည့်ပုဂ်္ဂိုလ်များက အခင်းဖြစ်ပွားရာထန်းကုန်းရွာသို့သွားရောက်ကြပြီး အကြမ်းဖက်မှု ဆက်မဖြစ်စေရန် တိုင်းအဆင့်၊ ခရိုင်အဆင့် ရဲများ၊ ခရိုင်နှင့် မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများကို အဖွဲ့ငယ်များခွဲကာ ကွင်းဆင်းဆောင်ရွက်ရန် ညွှန်ကြားထားသည်ဟု အစိုးရက ဆိုသည်။

အဆိုပါပဋိပက္ခများသည် သြဂုတ် ၂၄ ရက် ညနေ ၆ နာရီတွင် အလုပ်မှပြန်လာသော အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ထန်းကုန်းနှင့် ဇီးပင်သာ ရွာနှစ်ရွာကြားရှိလမ်းတွင် ကိုဆန်းမင်းဦးဆိုသည့် အမျိုးသားက ကာယိနြေ္ဒပျက်စီးရန် နှောင့်ယှက်သည်မှ အစပြုခဲ့ခြင်းဖြစ်သည်ဟု အစိုးရက ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင် အင်တာနက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန် ထားသည်။

ကိုဆန်းမင်းဦးသည် ၎င်းက အမျိုးသမီးကို နှောင့်ယှက်နေသည်ကို အမျိုးသားတစ်ဦးတွေ့ရှိသွားသဖြင့် ထွက်ပြေးသွား ခဲ့ရာ ရွာသားများက၀ိုင်းဝန်းဖမ်းဆီးပြီးနောက် ထန်းကုန်းရဲစခန်းသို့ ပို့ဆောင်ခဲ့သည်ဟု အစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ သူ့ကို ထန်းကုန်းရဲစခန်းမှ ကန့်ဘလူရဲစခန်းသို့ ပြောင်းရွှေ့ခဲ့ပြီး ထိုမှတစ်ဆင့် ရွှေဘိုထောင်သို့ ပို့ဆောင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထိုည ၇ နာရီကျော်တွင် ထန်းကုန်းနှင့် ဇီးတောမှ ရွာသား ၁၅၀ ခန့်က ထန်းကုန်းရဲစခန်းသို့ ရောက်ရှိလာပြီး ကိုဆန်းမင်းဦးကို ထုတ်ပေးရန်တောင်းဆိုခဲ့ရာ ရဲစခန်းကထုတ် မပေးသဖြင့် အိမ်နှင့် ဆိုင်ခန်းအချို့ကို မီးရှို့ ဖျက်ဆီးမှုများ စတင်ပြုလုပ်ခဲ့ကြသည်။

လက်ရှိအချိန်တွင် ပဋိပက္ခများကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ပြီး ရဲတပ်ရင်းများလည်း လုံခြုံရေးချထားသည်ဟု အစိုးရက လည်း ထုတ်ပြန်သလို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်ကလည်း မဇ္ဈိမကို အတည်ပြုသည်။

သို့သော် လုံခြုံရေးအစီအမံများ မည်သို့ပြုလုပ်ထားသည်နှင့် ရဲအင်အားမည်မျှ တာဝန်ချထားသည်ကို မဇ္ဈိမကမေးမြန်းရာ တိုင်းအစိုးရအတွင်းရေးမှူးက ပြန်လည် မဖြေကြားပေ။

လက်ရှိတွင် အိမ်ထောင်စု ၅၀ အတွက် ကယ်ဆယ်ရေးပစ်္စည်းများ ရောက်ရှိနေပြီဖြစ်ပြီး၊ ယာယီကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ဆောင်ရွက်ရန် အာဏာပိုင်တို့က စီမံနေပြီဟုအစိုး၏ ထုတ်ပြန်ချက်တွင် ပါရှိသေးသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။