Tuesday, August 27, 2013

မြန်မာ့ကမ်းလွန်တွင် မိုးသက်လေပြင်း ကျမည်

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တွေမှာ မုတ်သုံလေအားကောင်းရာကနေ အားအလွန်ကောင်းနေတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီမနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက် လှိုင်းကြီးမယ့်အကြောင်းနဲ့ မိုးသက်လေပြင်းကျစဉ်မှာ ရေပြင်/မြေပြင်လေဟာ ၁ နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီနေ့ညနေအထိ ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်၊ ရွာရန်ရာနှုန်းပြည့်ဖြစ်တယ်၊ ကျန်တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။

နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ မိုးဆက်လက်ပိုနေမယ်လို့ ဆိုပါတယ်။

by ဒီဗွီဘီ

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။