လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ၎င်းတို့၏ တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့တွင် ညွှန်ကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင် မှုများကို ပူးတွဲပါပုံစံ (၇) မျိုးတွင် ဖြည့်စွက်၍ လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတထံ အမည်ဖော်ပြလိပ်မူ၍ သြဂုတ်လ ၁ ရက်နေ့ ရုံးချိန်အတွင်း ဆက်သားဖြင့် ပေးပို့သွားရန် အကြောင်းကြားခဲ့သည်။
သို့ရာတွင် ဥပဒေဆိုင်ရာ အငြင်းပွားဖွယ်ကိစ္စများ ရှိလာသည့်အတွက် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမှုကို ဆိုင်းငံ့ထားခဲ့သည်။ ယခုအခါ နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ၎င်းတို့၏ တစ်စီးပွား တည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့ကြပြီးဖြစ်သည်။
''ဟုတ်ပါတယ်။ အကုန်လုံး ရောက်လာပါပြီ။ လွှတ်တော်ရဲ့ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ထားတဲ့သူအားလုံး ပါပါတယ်''ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များမှာ''(က) ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ (ခ) နိုင်ငံတော် ဖွဲ့စည်းပုံအခြေ ခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ (ဂ) ပြည်ထောင်စုဝန်ကြီး များ၊ (ဃ) ပြည်ထောင်စုရှေ့နေချုပ်၊ (င) ပြည်ထောင်စုစာရင်းစစ်ချုပ်၊ (စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ (ဆ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ''တို့ ဖြစ်ကြသည်။
လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များမှာ''(က) ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ (ခ) နိုင်ငံတော် ဖွဲ့စည်းပုံအခြေ ခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ (ဂ) ပြည်ထောင်စုဝန်ကြီး များ၊ (ဃ) ပြည်ထောင်စုရှေ့နေချုပ်၊ (င) ပြည်ထောင်စုစာရင်းစစ်ချုပ်၊ (စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ (ဆ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ''တို့ ဖြစ်ကြသည်။
''နိုင်ငံတော်သမ္မတကြီးက ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မခြွင်းမချန် တင်ပြရမယ်လို့ သမ္မတကြီးက သူတို့ကို တစ်ခါတည်း ပြောပြီးသားပါ။ ခြွင်းချန်ပြီးတော့ သူဘာသာသူ တချို့ရှိခဲ့တယ်ဆိုရင်တော့ သူ့ထိုက်တန်တဲ့ဟာ သူဖြစ်သွားမှာပေါ့''ဟု ၎င်း က ဆက်လက်ပြောကြားခဲ့သည်။
တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည့် ညွှန်ကြားချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ''အစိုးရသစ်လက်ထက်တွင် Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်လာရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆို''ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး နောက်တစ်ရက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့ရာတွင် အဆိုပါအဆိုမှာ ပြည်သူ့လွှတ်တော်တွင် သြဂုတ်လ ၈ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအပြီး အတည်ပြုရန် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၁ မဲ၊ ကြားနေမဲ ၁၅ မဲဖြင့် ရှုံးနိမ့်ခဲ့ကာအဆိုမှာ အတည်မဖြစ်ခဲ့ပေ။
''ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ရမယ်လို့ ပါပါတယ်။ ဒါပေမယ့်လို့ ၀န်ကြီး၊ ၀န်ကြီးချုပ်တွေနဲ့ ပတ်သက်လို့ အဲဒီ အထဲမှာ မပါဘူး။ မပါသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေထဲမှာတော့ သမ္မတဆီကို ပေးပို့ရမှာ ပါပါတယ်။ ဒါတွေကို ပြည်သူလူထု သိအောင် ချပြခြင်း၊ မချပြခြင်းဆို တာကတော့ တချို့နိုင်ငံတွေမှာတော့ တရားဝင်ကြေညာတာတော့ ရှိပါတယ်။ တချို့နိုင်ငံမှာကျတော့ ရွေးကောက်ပွဲ မ၀င်မီကတည်းက စလုပ်ရတာတွေ ရှိတယ်။ တချို့နိုင်ငံတွေကျတော့လည်း အဲလိုမျိုး မလုပ်တာတွေ ရှိတယ်။ လောလောဆယ် အဲလိုမျိုးနဲ့ ပတ်သက်ပြီးတော့ တရားဝင် ကြေညာတာကို ပြည်ထောင်စု လွှတ်တော်နာယကကလည်း လိုအပ်ရင် သုံးမှာပေါ့။ ချိတ်ပိတ်ထားပါတယ်။ ချိတ်ပိတ်ထားတာတွေကို ချိတ်ပိတ်ထားတဲ့အတိုင်း လုံခြုံတဲ့နေရာမှာ သိမ်းထားပြီးတော့ တကယ်လို့ တစ်စုံတစ်ရာ အငြင်းပွားဖွယ်ရာ ဖြစ်ပွားခဲ့ရင်၊ သူတို့ မမှန်မကန်ကိစ္စတွေ ဖြစ်လာရင် တိုက်ဆိုင်စစ်ဆေးသွားပါမယ်။ ဥပမာ တချို့တိုင်တာတွေ ရှိမှာပေါ့ဗျာ။ ပုဂ္ဂိုလ်ရေးတိုင်တာ တောတာတွေရှိခဲ့ရင်၊ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ရှိရင် စစ်ဆေးမှာပေါ့ဗျာ''ဟု အဆိုပါ နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။
လေ့လာသူတစ်ဦးကလည်း ''အခုဆိုရင် နိုင်ငံတော်တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကလည်း သူတို့ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့လာကြပြီဆိုတော့ လွှတ်တော်ကော်မတီ၊ ကော်မရှင်၊ အဖွဲ့တွေဟာလည်း ပြည်ထောင်စုအဆင့် ဖြစ်ပြီဆိုရင်တော့ အဲဒီမှာ ပါဝင်သူအားလုံးကလည်း သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အခုလို စာရင်းပြုစုပြီး သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့ကြရင် ကောင်းမယ်လို့ ထင်ပါတယ်။ ဒါဆိုရင် တစ်ဖက်နဲ့တစ်ဖက် ထောက်ပြစရာတွေ လျော့နည်းသွားလိမ့်မယ်လို့ ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။