Sunday, August 26, 2012

AA အက္ခရာ Taxi များအား CNG ပြောင်းလဲပေးရန် အစီအစဉ်မရှိသေး


တိုင်းဒေသကြီး အစိုးရ၏ ခွင့်ပြုချက်ဖြင့် တင်သွင်း လာသော AA အက္ခရာ Taxi များအား လက်တလော အချိန်တွင် CNG ချထားပေးရန် အစီအစဉ် မရှိသေးကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

“ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုတွင် CNG ကားအဟောင်းအားအပ်နှံခဲ့ပါကTaxi ဖြစ်စေ၊ City Bus ဖြစ်စေ CNG ပြန်လည်ချထားပေးမည်ဖြစ်ပြီး လတ်တလောအခြေအနေတွင် အသစ်တင်သွင်းလာသော အငှား ယာဉ်များအား CNG ချထားပေးရန် အစီအစဉ်မရှိသေး”ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ CNG ပြန်လည်လျှောက်ထားမည်ဆိုပါက ယာဉ်ဟောင်းအပ်နှံ CNG စာအုပ်ပါ ပိုင်ရှင်အမည်နှင့် အသစ်ပြန်လည် လျှောက်ထားသည့် ပိုင်ရှင်အမည်တူညီမှသာ CNG ပြန်လည်တပ်ဆင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
“တချိန်ချိန်တော့ ခွင့်ပြုပေးမယ် ထင်ပါတယ်။Taxi တွေကို CNG မပေးဘဲ ဆွဲခိုင်းဖို့က အဆင်မပြေဘူး။ လက်ရှိ ဆီဈေးကလဲ တစ်ဂါလံ ၄၀ဝ၀ ကျော်နေတော့ မြို့ထဲပဲ ဆွဲနေရတယ်။ အောင်မင်္ဂလာလိုမျိုးနေရာတွေကို ခရီးသည်ရှိတာတောင် လိုက်ဖို့ အဆင်မပြေဘူး”ဟု AA အက္ခရာ Taxi ယာဉ်မောင်းတစ်ဦးကပြောသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။