အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၂) ဦးမှာ မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င် ခိုးဝင်လာသူများဖြစ်ပြီး လ၀ကဥပဒေအရ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရရာ နိုင်ငံတော်သမ္ဓတ၏ လွှတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွှတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဘင်္ဂလားဒေရှ်နိုင်ငံသား (၁၂) ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ် (၄၂) ဘီဂျီဘီ တပ်ရင်းမှ ဗိုလ်ကြီးအဆင့်ရှိ H.Kunsul Hasan ဦးဆောင်သောအဖွဲ့မှ လွှဲပြောင်းလက်ခံခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္ဓတ အမိန့်ဖြင့် သံတွဲအကျဉ်းထောင်မှ လွှတ်မြောက်လာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၈၆) ဦးရှိနေပြီး အားလုံးကို တရားဝင်လွှဲပြောင်း လက်ခံရန် မြန်မာဖက်မှ ဘင်္ဂလားဒေ့ရှ်သို့ အကြောင်းကြားထားသော်လည်း လွှဲပြောင်းလက်ခံသူ (၁၂) ဦးသာ ရှိသေးကြောင်း သိရသည်။ ကျန်ရှိနေသေးသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို မြန်မာနိုင်ငံ အတွင်း၌ပင် ဆက်လက်ထားရှိ နေရဆဲဖြစ်ကြောင်း လ၀က အရာရှိတစ်ဦးက ပြောကြားသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။