Friday, December 7, 2012

USမှ တင်သွင်းသော iPhone 5 Original Package ကို ကျပ်ခြောက်သိန်းခွဲဖြင့် ရောင်းချ


ကမ္ဘာ တစ်ဝန်း လုံးမှ နှစ်ခြိုက် စွာ အားပေး ဝယ်ယူမှု ရရှိခဲ့သည့် Apple ၏ ထုတ်ကုန် iPhone 5 သည် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိစဉ် က ဈေးနှုန်း ကြီးမြင့်မှု ရှိခဲ့သော်လည်း ယခုအခါ US နိုင်ငံမှ တင်သွင်းလာ သော iPhone 5 Original Package 16GB ကို ငွေကျပ်ခြောက်သိန်းခွဲဖြင့် Golden Dragon Apple Care Sales & Service မှ ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။
အဆိုပါဆိုင်တွင် iPhone 5 Original Package 16GB ကို ၆၅၀,ဝ၀ဝ ကျပ်၊ 32GB ကို ၇၅၀,ဝ၀ဝကျပ်၊ 64GB ကို ၈၃၀,ဝ၀ဝကျပ်ဖြင့် ရောင်း ချပေးနေပြီး Mac mini i5 Laptop ကို ၅၀ဝçဝ၀ဝ ကျပ်ဖြင့် ရောင်းချပေး လျက်ရှိသည်။
ထို့ပြင်အမေရိကန်နိုင်ငံမှ တိုက် ရိုက်တင်သွင်းသော Apple Pro-duct များဖြစ်သည့် iPad mini, iPhone, iPod, Netbook များကို အထူးချိုသာသော ဈေးနှုန်းများဖြင့် ရောင်းချ ပေးမည်ဟု သိရသည်။
အခြားသော ဝန်ဆောင်မှုများ စွာကိုလည်းCustomer စိတ်တိုင်းကျ ဝန်ဆောင်မှုပေးလျက် ရှိသောကြောင့် အသေးစိတ်ထပ်မံ သိရှိလိုသူများ အနေဖြင့် Golden Dragon Apple Care Sales & Service, ဖုန်း-ဝ၉ ၅၅၀၅၆၈၈၊ ဝ၉ ၄၉၅၇၀၇၂၃ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိ ရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။