Friday, December 7, 2012

လိုင်စင်ရုပ်သိမ်းခံရသော ရှေ့နေ ၁၄ ဦး လိုင်စင်ပြန်ရ


နိုင်ငံရေးသမား များ၏ အမှုများကို လိုက်ပါ ဆောင်ရွက် ရာမှ လိုင်စင် ရုပ်သိမ်း ခံရသည့် တရားလွှတ်တော် ရှေ့နေ ၂၅ဦးအနက် ၁၄ဦးမှာ ယခုရက်ပိုင်း အတွင်း ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှ လိုင်စင် ပြန်လည်ရရှိခဲ့ကြောင်း လိုင်စင်ပြန်လည် ရရှိခဲ့သူများ အနက် တစ်ဦးဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

“နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမှုတွေလိုက်ရင်းနဲ့ ထောင်ကျပြီးလိုင်စင်ရုပ်သိမ်းခံရတဲ့ တရားလွှတ်တော်ရှေ့နေ ၂၅ ယောက်မှာ ကျွန်တော်အပါအဝင် ၁၄ ယောက်ကို နိုဝင်ဘာ ၁၉ ရက်နေ့မှာလိုင်စင်ပြန်ထုတ်ပေးလိုက်ပါတယ်”ဟု ဦးအောင်သိန်းကပြောသည်။ ရှေ့နေ ဦးအောင်သိန်းသည် ၂၀ဝ၇ ခုနှစ်ဩဂုတ်နှင့်စက်တင် ဘာလအတွင်း ဖြစ်ပွားခဲ့သော မင်းကိုနိုင်၊ အရှင်ဂမ္ဘီရတို့၏ အမှု များအတွက် အင်းစိန်ထောင်တွင် လိုက်ပါဆောင်ရွက်စဉ် အမှုတစ် ခုနှင့် ပတ်သက်၍ တရားရုံးအား မထီမဲ့မြင်ပြုမှုပုဒ်မဖြင့် အရေးယူ ခံခဲ့ရပြီး ထောင်ဒဏ်လေးလ ချ မှတ်ခြင်းခံရသည်။
“ထောင်က လွတ်ပြီး ဒေါ် အောင်ဆန်းစုကြည်နဲ့ ဂျွန်ယက် တောအမှုအတွက် လိုက်ပါဆောင် ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဘက်ကနေ ရှေ့နေပါဝါ သွားတင် တော့ ကျွန်တော်တို့ကို ရှေ့နေ လိုင်စင်ရုပ်သိမ်းထားတယ်လို့ မြို့ နယ်တရားသူကြီးက ပြောတော့မှ သိရတယ်” ဟု ဦးအောင် သိန်းက ပြောသည်။
ဦးအောင်သိန်းနှင့်အတူ အမှုတွဲဖြစ်ခဲ့သည့် တရားလွှတ် တော် ရှေ့နေဦးခင်မောင်ရှိန် လည်း လိုင်စင်ပြန်လည်ရရှိပြီ ဖြစ် သည်။ ယခင်က လိုင်စင်ရုပ်သိမ်း ခံခဲ့ရသူအားလုံး လိုင်စင်ပြန်လည် ခွင့်ပြုရန် စုပေါင်းတောင်းဆိုခဲ့ သော် လည်း ယခုအခါ တစ်ဦးချင်း ပြန်လည်လျှောက်ထားရန် သက် ဆိုင်ရာမှ ညွှန်ကြားလာသဖြင့် တစ်ဦးချင်း ပြန်လည်လျှောက် ထားခဲ့ပြီး အသနားခံစာတင်ခဲ့ခြင်း မဟုတ်ကြောင်း ဦးအောင်သိန်း က ရှင်းပြသည်။
“နိုင်ငံရေးကြောင့် ရှေ့နေလိုင်စင် သိမ်းခံရတယ်ဆို တာ ရှိကိုမရှိသင့်ခဲ့တာ။ ဒါပေမဲ့ ဒါတွေ တကယ်ဖြစ်ခဲ့တယ်။ ခုလို မဖြစ်သင့်၊ မရှိသင့်ဘူးဆိုတာ သဘောပေါက်လာပြီလို့ ထင်ပါ တယ်။ ခုလို ရှေ့နေတွေလိုင်စင် ပြန်ရတာကို ကြိုဆိုပါတယ်” ဟု ရှေ့နေများကွန်ရက်မှတရားလွှတ် တော်ရှေ့နေဦးကိုနီက ပြောသည်။
လိုင်စင်ပြန်လည်ရရှိခဲ့သည့် ဦးအောင်သိန်းသည် ဒီဇင်ဘာ ၃ ရက်နေ့တွင် ခွင့်ပြုချက်မရှိဘဲ လက်ပံတောင်းတောင် ကိစ္စ အ တွက် ဆန္ဒဖော်ထုတ်ခဲ့ကြသော ဒေါ်နော်အုန်းလှအပါအဝင်ခြောက် ဦးအား တရားစွဲဆိုထားသည့် အ မှုတွင် ဒေါ်နော်အုန်းလှတို့ဘက် မှ လိုက်ပါဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။