Friday, December 7, 2012

အကြမ်းမဖက်ရေးကို ဆက်လက်ကျင့်သုံးရန်နှင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဗဟိုအချက်အချာဖြစ်သော ဘာသာရေးသဟဇာတ ညီမျမှုကို တည်တန့်အောင်ထိန်းသိမ်းရန် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမားတိုက်တွန်း


မြန်မာပြည်သူများအနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်အပေါ် တုန့်ပြန်မှုများ လုပ်ဆောင်ရာတွင် အကြမ်းမဖက်ရေးကို ဆက်လက်ကျင့်သုံးရန်နှင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဗဟိုအချက်အချာဖြစ်သော ဘာသာ ရေးသဟဇာတညီမျှမှုကို တည်တန့်အောင် ထိန်းသိမ်းရန် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမားက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။      

  မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခပြဿနာများနှင့် ပတ်သက်၍  မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရမှုများကို မြန်မာပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း  စာနာမှုနှင့်အတူ မေတ္တာပို့သလိုက်ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာအကြီးအကဲများက ပြော ကြားခဲ့ကြသည်။                
ထိုသို့ပြောကြားရာတွင် နီပေါ၊ သီိရိလင်္ကာ၊ထိုင်း၊ဗီယက်နမ်၊ဂျပန်၊ အင်္ဂလန်၊ကနေဒါ၊အမေရိကန်နှင့် ပြင်သစ် စသည့် နိုင်ငံများမှ ဗုဒ္ဓဘာသာ အကြီးအကဲများက မြန်မာနိုင် ငံအရေးနှင့် ပတ်သက်ပြီး ပြောကြားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။            
ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာအကြီးအကဲများက ''လက်ရှိ မြန်မာနိုင်ငံဟာ ကောင်းမြတ်တဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဆက်တိုက် သိသိသာသာ ဖြစ်ပေါ်တိုးတက်နေတာကို တွေ့ရသလို ရခိုင်ပြည်နယ်က   အစ္စလာမ်ဘာသာဝင်များနှင့် ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခများ အကြမ်းဖက်မှုများကို ၀မ်းနည်းစွာ တွေ့ရကြောင်း ပြောကြားခဲ့သည်။      
 မြန်မာပြည်သူများဟာ ခေတ်အဆက်ဆက်  အလွန်သန့်စင်မွန်မြတ်သည့် ဗုဒ္ဓတရားဓမ္မကို လိုက်နာကျင့်သုံးသည့် ဂုဏ်သိက္ခာမြင့်မားတဲ့ လူမျိုးများဖြစ်ကြောင်း၊မြတ်စွာဘုရား၏ အဓိကအကျဆုံး တရားတော်များဖြစ်သည့် အကြမ်းမဖက်ခြင်း၊အပြန်အလှန်လေးစားခြင်းတို့ကို ကျင့်သုံးလိုက်နာခြင်းဖြင့် မြန်မာပြည်သူများ ကောင်းကျိုးချမ်းသာ  ရနိုင်ကြပါစေလို့ မိမိတို့က အလေးအနက် ဆန္ဒပြုလိုက်ကြောင်း ဗုဒ္ဓဘာသာအကြီးအကဲများက ပြောကြားခဲ့သည်ဟု သိရသည်။              
 မြတ်စွာဘုရားဟာ သတ္တ၀ါများအား ညှင်းဆဲခြင်း၊သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ရမည်ဆိုသည့် တရားတော်ကို ဟောကြားခဲ့ကြောင်း လူတိုင်းကို အဆင့်အတန်း အယုတ် အလတ်မခွဲခြားဘဲ တန်းတူညီတူ လေးလေးစားစား ဆက်ဆံရန်နှင့် သတ္တ၀ါတိုင်းအပေါ် ကရုဏာတရားနှင့် စောင့်ရှောက်ရမည်ဆိုတဲ့ တရားတော်ကို ဟောကြားခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာအကြီးအကဲများ၏ ပြောကြားမှုတွင် ပါဝင်သည်။              
ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာအကြီးအကဲများက မြန်မာပြည်သူများအား ပြောကြားရာတွင် ''ကျွန်ုပ်တို့အနေနဲ့ မြန်မာပြည်သူများနဲ့အတူ  မွန်မြတ်တဲ့တရားတော်များနဲ့အတူ ရဲရဲရင့်ရင့် ရပ်တည်လျက်ရှိပါတယ်။ မွတ်ဆလင်များကဖြစ်စေ၊အခြားတိုင်းရင်းသားများက ဖြစ်စေ၊ကမ္ဘာပေါ်က မည်သည့် ရက်စက်တက်သူတွေကဖြစ်စေ အကြမ်းဖက်လာခဲ့လျင်ပင် မွန်မြတ်လှတဲ့ ဗုဒ္ဓတရားတော်များအတိုင်းပဲ ရပ်တည်သွားမှာဖြစ်ကြောင်း ပါဝင်ပါသည်။            
ထိုသို့ ဓမ္မလမ်းကြောင်းအတိုင်း ရပ်တည်ခြင်းကသာလျင် မြန်မာပြည်သူများဟာ ကမ္ဘာပေါ်တွင် တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားခြင်း၊သာတူညီမျှစိတ်ထားရှိခြင်း စိတ်ရှည်သည်းခံတက်ခြင်းစသည့်  ဂုဏ်သိက္ခာရှိတဲ့ လူမျိုးတစ်မျိုးဖြစ်ကြောင်း ပြသခွင့်ရရုံသာမက ကမ္ဘာကပါ စံနမူနာပြန်ယူရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမှာ ဖြစ်ကြောင်း သံဃာတော်အရှင်မြတ်များနှင့် တရားနဲ့အညီနေထိုင်ကြသူများအနေနဲ့  ပြည်သူလူထုအား တရားတော်များအတိုင်း လေးလေးနက်နက်လိုက်နာပြီး ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ သွန် သင်ညွှန်ပြပေးရန် မိမိတို့အနေနဲ့ လေးမြတ်စွာ လျောက်ထားအပ်ပါကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာအကြီးအကဲများက ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။