
လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရမှုတွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သော ဆရာတော် ဥူးတိက္ခဥာဏမှာ ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှု ခံယူရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ ဆရာတော် ဥူးတိက္ခဥာဏမှာ ဒဏ်ရာရရှိခဲ့သည့် သံဃာအပါး ၁၀၀ ခန့်တွင် ဒဏ်ရာ အပြင်းထန်ဆုံးဖြစ်ပြီး ယခုကဲ့သို့ ပြည်ပသို့ သွားရောက်ဆေးကုသမှု ခံယူရန် စီစဉ်ရခြင်းဖြစ်သည်ဟု ကျန်းမာရေးစောင့်ရှောက်မှု ကော်မတီမှ ဘ၀အလင်း ဆရာတော်မှ မိန့်ကြားပါသည်။
“ဆေးရုံတက်ရောက်ကုသမှု ခံယူနေတဲ့ သံဃာတော်တွေမှာ ပတ်စ်ပို့လုပ်ထားပြီးသား မရှိပါဘူး။ ထိခိုက်ဒဏ်ရာ အများဆုံးရထားတဲ့ ဥူးတိက္ခဥာဏကို ထိုင်းမှာသွားကုဖို့စီစဉ်နေပါတယ်။ သူ့အတွက်ကိုလည်း ပတ်စ်ပို့က အခုမှလျောက်ရမှာပါ။ လောလောဆယ်မှာ သူ့ရဲ့ သံဃာမှတ်ပုံတင်ကဒ်က မီးလောင်တဲ့အထဲ ပါသွားတဲ့အတွက် သံဃာကဒ်ကို အရင်ပြန်လျောက်ပြီးမှ ပတ်စ်ပို့ပြုလုပ်ရမှာပါ။ အစိုးရအနေနဲ့ ပြည်ပဆေးသွားကုဖို့ကိစ္စကို ကူညီမယ်လို့ ပြောထားတာလည်း ရှိပါတယ်” ဟု လက်ပံတောင်းတောင် ဒဏ်ရာရသံဃာတော် စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော်ဥူးသုက မိန့်ကြားသည်။
ဒီဇင်ဘာ ၂ ရက်နေ့မှစပြီး မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူသော သံဃာနှင့် လူနာအရေအတွက်မှာ ၁၀၅ ဦးရှိခဲ့ပြီး လက်ရှိအချိန်တွင် ဆေးရုံအတွင်း နေရာအခက်အခဲအရ ကန်တော်နဒီ ဆေးရုံသို့ ပြောင်းရွှေ့ထားသည့် သံဃာ ၃၇ ပါးနှင့် မန္တလေးဆေးရုံကြီးတွင် သံဃာ ၂၆ ပါးနှင့် လူပုဂိုလ် ၅ ဦး ကျန်ရှိကြောင်း သိရသည်။ အဆိုပါ သံဃာတောများတွင် ဒဏ်ရာပြင်းထန်သည့် သံဃာ ၈ ပါးခန့် ပါဝင်ကြောင်း သိရပါသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။