Friday, December 7, 2012

ဧရာဝတီတိုင်းရှိ ဒီရေတောများ ပြန်လည်ဖြစ်ထွန်းရန် လိုအပ်ကြောင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွသူများ ပြောဆို




 ဧရာဝတီတိုင်း ဖျာပုံခရိုင်တွင်းရှိ ကမ်းခြေဒေသများမှဒီရေတောများပြန်လည်ဖြစ်ထွန်းရန် လိုအပ်လျက်ရှိကြောင်း  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို  ဖျာပုံမြို့၊NLD ရုံးတွင် ပြုလုပ်ခဲ့သည်။

 
 
အဆိုပါ ဟောပြောပွဲကို ဒီဇင်ဘာလ (၇) ရက်နေ့၊ နံနက် (၉) နာရီ (၄၅)မိနစ်တွင် ဖျာပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် ပါမောက္ခဒေါက်တာစိန်စိန်သိန်းနှင့် ဒေါ်ဒေ၀ီသန့်စင်တို့မှသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခေါင်းစဉ်အသီး သီးဖြင့် ဟောပြောခဲ့ခြင်းဖြစ်သည်။
 
 
(၂၁)ရာစုအတွက်ပတ်ဝန်းကျင်ဆိုင်ရာသိမှတ်ဖွယ်ရာအဖြာဖြာ ခေါင်းစဉ်ကို ဒေါ်ဒေ၀ီသန့်စင်မှ ဟောပြောခဲ့ပြီး ပါမောက္ခဒေါက်တာစိန်စိန်သိန်းမှဒီရေတောများကို ဆက်လက်စောင့်ထိန်းကြပါစို့ ခေါင်းစဉ်ဖြင့်ဟောပြောခဲ့သည်။
 
 
 ဒေါက်တာစိန်စိန်သိန်းက ပတ်ဝန်းကျင် သုံးမျိုးရှိကြောင်း ၊ သဘာဝက အမွေအဖြစ်ပေးအပ် ထားသောကမ္ဘာမြေပေါ်မှ ကုန်း၊ မြေ၊ လေ၊ရေနှင့်ဇီဝမျိုးစုံကွဲများတစ်အုပ်စု၊ ဒုတိယအမျိုးအစားမှာလုပ်ငန်းရှင်များက ဖန်တီးပေးထားသည့် အလှအပများနှင့်စိတ်ရွှင်လန်းစေသည့် ပတ်ဝန်းကျင်၊ တတိယအမျိုးအစားမှာ လူမှုရေး၊ရိုးရာယဉ်ကျေးမှုဆိုင်ရာ တို့ဖြစ်သည်ဟု ပြောသည်။
 
 
၎င်း တတိယအမျိုးအစားအုပ်စုတွင် ယုံကြည်ချက်၊ အတွေးအခေါ်နှင့် ဘာသာအယူဝါဒ၊ဗဟုသုတ၊ ဘာသာစကားတို့မှာ ပတ်ဝန်းကျင် ပင်ဖြစ်ကြောင်းပြောကြားခဲ့ကာဒီရေတောများကိုစောင့်ထိန်းခြင်းအားဖြင့် ပုဇွန်၊ ခရု၊ ကဏန်းတင်းသုံးရာထွက်ရှိကြောင်းကို သုတေသန ရလဒ်များရှိခဲ့ပါသဖြင့်ဒီရေတောများ ကိုစောင့်ရှောက် ထိန်းသိမ်းခြင်းအားဖြင့် ဖျာပုံမြို့နယ်၏လူမှုစီးပွားရေးမြင့်မားတိုး တက်မည်ဖြစ်ပါကြောင်းထည့်သွင်းပြောကြားသွားသည်။
 
 
ယခုအခါဖျာပုံမြို့နယ် ကမ်းခြေဒေသမှ အာပြဲခြောက်ထွက်ကုန်များကိုသာအားထားနေကြရာ ဒီရေတောများပြန်လည်ဖြစ်ထွန်းလာပါက ဒီရေတောနေငါးမျိုးစိတ်ပေါင်း ၈၀၀နှင့်ပုဇွန်မျိုးစိတ်ပေါင်း ၇၀၀တို့ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။
 
myit makha media group


-

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။