"နယ်မြို့ဒေသအသီးသီးမှာရှိတဲ့ ပရဟိတလုပ်ငန်းလေးတွေကို အစုအဖွဲ့လေးဖွဲ့ပြီး နစ်နာဆုံးရှုံးမှုတွေ ကို ဖော်ထုတ်ရမယ်။ ဘာတွေလိုမလဲဆိုရင် အသင်းအဖွဲ့တွေရှိရမယ်၊ လှုပ်ရှားမှုတွေရှိရမယ်။ ကွန်ရက်တွေ ရှိရမယ်။ မီဒီယာ တွေရှိရမယ်။ ဒီလိုနဲ့ စုပေါင်းဖွဲ့ပြီး တူတာလေးတွေပေါင်းလုပ်ကြရမယ်" ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်မှ သင်တန်းသား များနှင့် တွေ့ဆုံပွဲတွင် ပြော ကြားခဲ့သည်။
ထိုသင်တန်းများကို ၈၈မျိုးဆက်ကျောင်းသားများနှင့် အသောကပညာရေးဖောင်ဒေးရှင်းတို့မှ ပူးပေါင်း ဖွင့်လှစ်ခြင်းဖြစ်ပြီး လက်လှမ်းမမှီနိုင်သော ပညာရေးမှတဆင့် ဒေသဆိုင်ရာများ၏လိုအပ်ချက်၊ပွင့်လင်း လူ့အဖွဲ့အစည်းများဖွဲ့ကာ ပညာရပ်များအားပေးနိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်မူအားနည်းသည့် နယ်ဒေသမှ ပြည်သူများ ပညာရေးနှင့် ကျန်းမာရေး ပရဟိတလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ လူငယ်များအား သင်ကြားပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
"အပတ်စဉ်တစ်ခုကို တစ်လကို တစ်ခုလောက် လုပ်နိုင်ဖို့ ရည်ရွယ်ထားတယ်။ ပြီးခဲ့တဲ့ လကလည်း အပတ်စဉ် ၁နဲ့ အခု ဒီဇင်ဘာလမှာတော့ အပတ်စဉ်(၂)ကို လုပ်သွားမယ်။ နောက် သတင်းတန်း အတွက်လည်း လျှောက်လွှာတွေကို လျှောက်လို့ ရနေပြီ"ဟု အသောကပညာရေးဖောင်ဒေးရှင်းမှ တာဝန်ခံ ကိုထင်အောင်က ပြောသည်။
အဆိုပါ သင်တန်းအပတ်စဉ်(၂)သည် ၂၀၁၂ခုနှစ် ဒီဇင်ဘာလ(၃)ရက်မှ ဒီဇင်ဘာ(၁၃)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် (၃)၊ (၄)အတွက်လျှောက်လွှာများအား သမိုင်းမြို့မကျောင်းတိုက်ရှိ အသောက ပညာရေးဖောင်ဒေးရှင်း၊ ၈၈မျိုးဆက်ကျောင်းသား အဖွဲ့ရုံးတို့တွင် လျှောက်ထားနိုင်ကြောင်း သိရှိရ သည်။
သင်တန်းတက်ရောက်လိုသူများသည် အထက်တန်းအောင်မြင်ပြီး အသက် (၂၀)နှင့် (၃၀) ကြား၊ လူငယ်များ တက်ရောက်နိုင်ကြောင်း ၊ သင်တန်းကာလတစ်ခုစီတွင် လူဦးရေ(၁၅)ဦးမှ (၂၀) ၀န်းကျင်သာ ကန့်သတ်ထားကြောင်း သိရှိရသည်။
"နယ်မှာ နေတဲ့အတွက် နယ်အမြင်ပဲရှိတယ်။ သင်တန်းရောက်တော့မှ အိတ်အိုင်ဗွီ၊ မျက်မမြင်၊ ဆွံ့အနားမကြားတဲ့ ဒုက္ခသည်တွေမြင်ရတယ်။ လူ့အသိုင်းအ၀ိုင်းမှာလည်း အကောင်းဆုံးလုပ်ပေး နိုင်မယ် ဒေသဖွံ့ဖြိုးရေးတွေကိုလည်း ကူညီနိုင်မယ်လို့ထင်တယ်။ လူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့၊ ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သတ်တဲ့ ပညာရပ်တွေသင်ယူခဲ့ရတယ် " ဟု အပတ်စဉ်(၁) သင်တန်း တက်ပြီးသူ ဟင်္သတမြို့နယ်မှ ကိုဝေယံမင်းနိုင်က ပြောသည်။
အဆိုပါသင်တန်းကို ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအစရှိသည့် မတူညီသော နယ်အသီးသီးမှ တိုင်းရင်းသားလူငယ်များ တက်ရောက်ကြပြီး သင်တန်းအပတ်စဉ် တစ်ခုလျှင် (၁၀)ရက် ကြာမြင့်ပြီး ပရဟိတလုပ်ငန်းများတွင် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပြီး အခမဲ့ စရိတ်ငြိမ်း သင်တန်းဖြစ်ကြောင်း သိရှိရသည်။
myit makha media group
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။