Tuesday, December 4, 2012

ဆံပင်အစားထိုးစိုက် ကုသခြင်း ပြည်တွင်း၌ ဆောင်ရွက်နိုင်ပြီဖြစ်


ယခင်က ပြည်ပ နိုင်ငံတွေ မှာသာ သွားရောက် ပြုလုပ်လို့ ရတဲ့ ဆံပင် အစားထိုးစိုက် ကုသမှုကို အခုအခါ ပြည်တွင်းမှာပါ ဆောင်ရွက်နိုင်ပြီ ဖြစ်တယ်လို့ နိုဝင်ဘာလ ၂၅ ရက်နေ့က Asia Plaza Hotel မှာ ကျင်းပပြု လုပ်ခဲ့တဲ့ သွားလှလှဆံရှည်ရှည်နုပျိုပါစေ ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအရ သိရပါတယ်။

အခုလိုဆံပင်အစားထိုးစိုက်ကုသပြီးရင် တော့ ဆံပင်ကိုခေါင်းလျှော်ရည်တွေနဲ့ လျှော်စရာမလိုဘဲ ဆေးခန်းမှပေး လိုက်တဲ့ဆေးကိုသာ ပုံမှန်သောက်သုံးပြီးထိန်းသိမ်းနိုင်တယ်လို့ သိရပါ တယ်။ အဲ့ဒီအတွက် ဆံပင်အစားထိုးစိုက်ကုသလိုသူတွေဟာ ယခင်ကလို ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ဆောင်ဖို့မလိုတော့ဘဲ ပြည်တွင်းမှာပဲ ကုသနိုင်မယ့်အတွက် ကုန်ကျစရိတ်တွေသက်သာလာမှာဖြစ်တယ်လို့ သိရပါတယ်။
အဆင့်မြင့် ဆံသဆိုင်ပိုင်ရှင်ဦးရဲတင့်က ပြောကြားရာမှာ “ပြည်ပမှာ ဆံပင်အစားထိုးစိုက်တဲ့ကုန်ကျစရိတ်က အရမ်းများတယ်။ အခုလို ပြည်တွင်းမှာ ရှိလာပြီဆိုတော့ ကုန်ကျမှုပိုသက်သာသွားတာပေါ့။ အရေးကြီးတာက ဆံပင်ထိန်းသိမ်းမှုကို လည်းသောက်ရမယ့် ဆေးအညွှန်း တွေအတိုင်းလိုက်နာဖို့တော့ရှိရမယ်”လို့ ဆိုပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။