Friday, November 30, 2012

ဒေါ်အောင်ဆန်းစုကြည် ဦးသာအေး၊ ဝမ်ပေါင်နှင့် ဒေသခံများကို တွေ့ဆုံ

နယူးဒေလီ (မဇ္ဈိမ) ။       ။ မုံရွာမြို့တွင် ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် သည် သောကြာနေ့ နံနက်ပိုင်းက ချင်းတွင်းသောင်ပြင်၌ ဒေသခံလူထုအား နာရီဝက်ကျော်ကြာ မိန့်ခွန်းပြောကြားပြီးနောက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး အား မုံရွာမြို့ရှိ Win Unity ဟိုတယ်တွင် နာရီဝက်ကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။


ထို့နောက် ကြေးနီစီမံကိန်းဒေသရှိ တောင်သူများ၏ လိုလားချက်များကိုလည်း ထိုဟိုတင်၌ပင် နာရီဝက်ကြာ
ဆွေးနွေးနားထောင်သွားပြီး စီမံကိန်း အကောင်အထည်ဖော်နေသည့် ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်လည်း
ဆွေးနွေးခဲ့ကြောင်း မဇ္ဈိမ သတင်းထောက်က ပေးပို့သည်။

ဒေသခံများ၏ ကန့်ကွက်မှုကို ခံနေရသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြဿနာအား တိုင်းပြည်သိက္ခာ ရှိစွာနှင့် ပြည်သူလူထုလည်း သက်တောင့်သက်သာရှိစေရန် ကြားဝင်ဆောင်ရွက်ပေးလိုကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။