Friday, November 30, 2012

ရန်ကုန်မြို့ ကွန်ဒိုတိုက်ခန်း တစ်ခန်း ရောင်းဈေး သိန်း ၄၅၀ဝ ကျော်ထိ ဈေးပေါက်


ရန်ကုန်မြို့ ကွန်ဒို တိုက်ခန်း အရောင်းမှာ တစ်ခန်းလျှင် သိန်း ၄၅၀ဝ အထိ ရောက်ရှိ နေပြီး
အငှား လုပ်ငန်းများလည်း ကောင်းမွန် လျက်ရှိသည်ဟု ရန်ကုန်မြို့အခြေ စိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် များကပြောကြားသည်။

“ကျွန်တော့်ဆီမှာ ဈေးအကြီး ဆုံးအငှားဆိုရင်ရွှေဟင်္သာကွန်ဒိုပါ၊ တစ်လကို အမေရိကန် ဒေါ်လာ ၃၅၀ဝ ပေးရပြီး၊ တစ်နှစ် စာချုပ်ချုပ် ရပါတယ်။ အရောင်းမှာ ဈေး အနည်းဆုံး ကွန်ဒိုဆိုရင်မြန်မာ့ဂုဏ် ရောင်ကွန်ဒိုပါ၊ သိန်း ၅၅၀ ပေါက် ပါတယ်”ဟု Perfect World မှ ကိုနိုင်ကပြောသည်။

ကွန်ဒိုတိုက်ခန်းများ၏ အငှား ဈေးကွက်မှာ ကွန်ဒို၏ တည်နေရာ အကျယ်အဝန်းကား ပါကင်အပြင် ပါဝင်သောဇိမ်ခံပစ္စည်းများအလိုက် တန်ဖိုးကွာခြားပြီးအနိမ့်ဆုံးသုံးသိန်း မှ အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၃၅၀ဝ အထိရှိကြောင်း အိမ် ခြံ မြေ အကျိုးဆောင် ကိုကျော်ကြီးက ပြောကြားသည်။
“အရောင်းမှာဆိုရင် ရွှေဟင်္သာ ကွန်ဒိုက သိန်း ၄၅၀ဝဈေး ရှိတယ်။ အငှားမှာဆိုရင် ဘုရင့်နောင်တာဝါ (II) နဲ့ သီရိရိပ်သာ ကွန်ဒို ငါးသိန်းခွဲ ဈေးပေါက်တယ်။ အဲဒါ ကျွန်တော် တို့ဆီမှာ အပ်ထားတဲ့ အခန်းတွေ ပါ”ဟု မြဧကရီ အိမ် ခြံ မြေ အကျိုး ဆောင်လုပ်ငန်းမှ ကိုအောင်ဇော်ထိုက်ကပြောသည်။
လက်ရှိ ရန်ကုန်မြို့ မြို့နယ် ၁၈ မြို့နယ်တွင် ကွန်ဒိုတိုက်ခန်း ပေါင်း ၁၄၂ လုံးမှာ လူနေထိုင်လျက် ရှိပြီး တည်ဆောက်ဆဲ ကွန်ဒိုတိုက် များလည်းရှိသည်။ ကုန်သည်လမ်းနှင့် ပန်းတဲ တန်းမြို့နယ်တွင်လည်း ကွန်ဒို အသစ်များတည်ဆောက်လျက်ရှိပြီး ရောင်းချရန် အခန်း နှစ်ခန်းသာ ကျန်တော့ကြောင်း City Shine ဆောက်လုပ်ရေးလုပ်ငန်းမှ သိရ သည်။
“အစ်မဆီမှာရောင်းဖို့ နှစ်ခန်းပဲ ကျန်တော့တယ်၊ ၅၃ _ ၅၆ ပေ အခန်းက သိန်း ၂၉၀ဝ၊ ၄၃_ ၅၆ ပေ အခန်းက သိန်း ၂၄၀ဝ၊ ခုနစ် လွှာမှာတစ်ခန်း၊ရှစ်လွှာမှာတစ်ခန်း၊အခုကွန်ဒိုက ရှစ်ထပ်ခွဲ ဆောက် မှာပါ၊ ခန့်မှန်းခြေ ၂၀၁၅ အကုန် လောက်ဆိုရင်ပြီးမှာပါ”ဟု City Shine Construction မှ မချယ်ရီ ကပြောသည်။
ရန်ကုန်မြို့ ကွန်ဒိုတိုက် ခန်းများမှာ ဈေးကွက်အတွင်း အခြေအနေပိုမိုကောင်းမွန်နိုင်တယ်၊ ဟိုတယ်အခန်းတွေက ဈေးကြီး တော့ နိုင်ငံခြားသားတွေက ဈေး တွက်ပြီး ငှားကြတယ်၊ ဝယ်ကြ တယ်၊ ကွန်ဒိုဆိုတော့ ပိုလွတ်လပ် တယ်လေ၊ အေးအေးဆေးဆေး လည်း နေရတယ်ဟု အိမ် ခြံ မြေ အကျိုးဆောင် မသဇင်က ပြော သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။