Friday, November 30, 2012

ဗြိတိန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်း ၍ လူနေ အိမ်ပေါင်း ၈၀ဝ နစ်မြုပ်


ဗြိတိန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ် ခဲ့၍ အင်္ဂလန်နှင့် ဝေလပြည် နယ်တို့တွင် လူနေအိမ်ပေါင်း ၈၀ဝ ကျော် ရေ နစ်မြုပ်နေပြီး ဆက် လက်၍လည်း မိုးရွာသွန်းဦးမည် ဖြစ်ကြောင်း သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ အရာရှိများက သတိ ပေးထားသည်။
 ဗြိတိန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်း၍ လူနေ အိမ်ပေါင်း ၈၀ဝ နစ်မြုပ်

လွန်ခဲ့သော သုံးရက်ကစ၍ မိုးသည်းထန်စွာရွာသွန်းနေမှု ကြောင့် အင်္ဂလန် အနောက် တောင်ပိုင်း အီဆက်တာမြို့၌ သစ်ပင်လဲကျ၍ အမျိုးသမီးတစ် ဦးသေဆုံးခဲ့ပြီး ဆမ်းမားဆက် ဒေ သ၌ရေတက်လာစဉ် အမျိုးသား တစ်ဦး ကားတစ်စီးအတွင်းပိတ် မိသေဆုံးသွားသည်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ကွန်းဝဲလ် ကျေး လက်ဒေသရေကြီးမှု မြင်ကွင်း များ မှာထိတ်လန့်စရာကောင်းသည် ဟုဆိုပြီး ယင်းဒေသရှိပြည်သူများ အားကူညီရန် အစိုးရက အပြည့် အဝလုပ်ဆောင်သွားမည်ဟု က တိပြုပြောကြားသည်။
ကွန်းဝဲလ်ဒေသနှင့် ယင်းနှင့် ကပ်လျက်တည်ရှိသော ဒေသလမ်းများပေါ်တွင် ရေများ ပြည့်လျှံနေ၍ ရဲတပ်ဖွဲ့က လမ်း များကိုပိတ်ထားရာ ကျေးရွာအ များအပြား အဆက်ပြတ်တောက် နေသည်။ ရေကြီးမှုမှာ ၄င်းတို့ဒေသ အတွက် ၁၄ နှစ်တာကာလ အ တွင်း အဆိုးရွားဆုံးဖြစ်သည်ဟု အင်္ဂလန်အနောက်ပိုင်းဝမ်ရှိုင်း ယားဒေသမှ အရက်ဘားဆိုင် ရှင်တစ်ဦးဖြစ်သူ တွန်ဟက်ဆန် က ပြောကြားသည်။ အင်္ဂလန်နှင့် ဝေးလ် ပြည် နယ်တစ်ဝန်း ရေကြီးမှုများကြောင့် လူနေအိမ်ပေါင်း ၈၁၆ လုံးရေနစ် မြုပ်ခဲ့ကြောင်း ဗြိတိန်သဘာဝ ပတ်ဝန်းကျင်အေဂျင်စီက ထုတ် ပြန်သည်။
—Ref: AFP

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။