Friday, November 30, 2012

အမျိုးသမီး များအား ခွဲခြား ဆက်ဆံမှု ပပျောက်ရန် ဥပဒေတစ်ရပ် ဖော်ထုတ်မည်


အမျိုးသမီး များအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေး ဆိုင်ရာ ပြည်တွင်း ဥပဒေ တစ်ရပ် ယနေ့အချိန်ထိ မရှိသေးသောကြောင့်
ဥပဒေ အသစ်ပေါ်ထွန်း လာရေးနှင့် ပတ်သက်၍ အမျိုးသားအဆင့် လုပ်ငန်း စီမံချက် ပေါ်ထွက်လာရန် ဥပဒေ တစ်ရပ် ပေါ်ထွက် လာစေရန် ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ပြောသည်။


နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်သောအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့တွင် မြန်မာ နိုင်ငံရှိ အရပ်ဘက် လူ့အဖွဲ့အစည်း များ၊ အမျိုးသမီးကွန်ရက်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး စသည့် လူမှုကွန်ရက် ၂၃ ဖွဲ့မှ အဖွဲ့ဝင်များက “အိမ်တွင်းငြိမ်းချမ်းရေးမှ သည် ငြိမ်းချမ်းသောကမ္ဘာဆီသို့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ရပ်တန့်ဖို့ အမျိုးသားများလည်း ပါဝင်စို့” ဆောင်ပုဒ်ဖြင့် ရန်ကုန်မြို့ တွင် အခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် “မြန်မာနိုင်ငံဟာ အမျိုးသမီးများ နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ၁၉၉၇ ခုမှာ လက်မှတ် ရေးထိုး ခဲ့ပါတယ်၊ သို့ သော် အမျိုးသမီး များအား နည်း မျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက် ရေးဆိုင်ရာ ပြည်တွင်းဥပဒေတစ်ရပ် အခုချိန်ထိ အသစ် မရှိသေးပါဘူး၊ ဥပဒေ တစ်ရပ် ပေါ်ထွန်း လာရေးနဲ့ ပတ်သက်ပြီးအမျိုးသားအဆင့် လုပ်ငန်း စီမံချက်ပေါ်ထွက်လာဖို့ ဥပဒေ တစ်ရပ်ပေါ်ထွက် လာဖို့ကြိုး ပမ်းဆောင်ရွက်လျက်ရှိပါတယ်”ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင် က ပြောသည်
။ နိုင်ငံတကာမှ အသိအမှတ်ပြု သောအမျိုးသမီးများအပေါ်အကြမ်း ဖက်မှုပပျောက်ရေး ၁၆ ရက်တာ စည်းရုံးလှုပ်ရှားမှု အစီအစဉ်တွင် တစ်ရက်အပါအဝင်ဖြစ်သော နိုဝင် ဘာ ၂၅ ရက်အားအပြည်ပြည် ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အဖြစ်အများပြည်သူမှကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ “အိမ်တွင်းငြိမ်းချမ်းရေးမှသည် ငြိမ်း ချမ်းရေးသောကမ္ဘာဆီသို့ အမျိုး သမီးများအပေါ် အကြမ်း ဖက်မှု ရပ်တန့်ဖို့အမျိုးသားများလည်းပါ ဝင်စို့” ဆောင်ပုဒ်ဖြင့် ကျင်းပ ခြင်း ဖြစ်ကြောင်း အမျိုးသမီးများအဖွဲ့ ကွန်ရက်မှမသန္တာတင်ကပြောသည်။
“အမျိုးသမီးများ အကြမ်းဖက် မှုဟာ ဘယ်သူကပဲ လုပ်လုပ်၊ ဘယ် အချိန်၊ ဘယ်နေရာကပဲလုပ်လုပ်ခွင့်လွှတ်စရာအကြောင်း တစ်ခု မဟုတ်ဘူးလို့ အတိအလင်း ပြော ကြား လိုပါတယ်၊ အမျိုးသားကပဲ အကြမ်းဖက်ဖက် မိမိနဲ့ သိသူဖြစ်စေ အခြား အမျိုးသား တစ်ယောက် ကပဲ အကြမ်းဖက်ဖက် အမျိုးသမီး ကို အကြမ်းဖက်တယ် ဆိုတာ ဒီအမျိုး သမီးရဲ့ လူ့အခွင့်အရေးကို ချိုး ဖောက်တာပဲဖြစ်ပြီး ဒီအမျိုးသမီး များရဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာ ရေးကို ဆိုးရွားစွာ ထိခိုက်စေပါ တယ်၊ တာဝန်ရှိ အရာရှိ တစ်ဦး အနေနဲ့ရော အစိုးရအရာရှိတစ်ဦး အနေနဲ့ရော ၊အမျိုးသား တစ်ယောက် အနေနဲ့ပါ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုး သမီးတွေရဲ့ ဘဝတွေ ပြောင်းလဲ အောင်လုပ်နိုင်ဖို့ ကျွန်တော်တို့မှာ အခွင့်အလမ်းတွေ ရှိတယ်လို့ ယုံကြည်ပါတယ်”ဟု လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးအောင်ထွန်းခိုင်ကပြော သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။