Friday, November 30, 2012

လက်ပံတောင်းတောင်ကိစ္စ တရုတ်သံရုံးက ကြေညာချက်ထုတ်




မုံရွာ-လက်ပံတောင်း ကြေးနီစီမံကိန်းအား အဆင်ပြေစွာဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်  ရန်ကုန်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ယနေ့ နိုဝင်ဘာ(၃၀)ရက်နေ့၌ ကြေညာချက်ထုတ်ပြန် မေတ္တာရပ်ခံခဲ့သည်။

 
အဆိုပါကြေညာချက်တွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်ကုမ္မဏီနှင့် မြန်မာ ဝမ်ပေါင်ကုမ္ပဏီတို့အကြား ပူးပေါင်းဆောင်ရွက်နေသည့် တရုတ်-မြန်မာ အကျိုးတူစီမံကိန်းတစ်ခုဖြစ်ကြောင်း ပတ်ဝန်း ကျင်ထိခိုက်မှုအားကာကွယ်ထားကြောင်းနှင့် ရရှိလာသည့်အကျိုးအမြတ်အား နှစ်နိုင်ငံခွဲဝေရယူရန်   ဆွေးနွေးထား   ကြောင်းနှင့် မြန်မာ့လူအဖွဲ့အစည်းများအနေဖြင့် အဆိုပါစီမံကိန်း အဆင်ပြေစေရေးအတွက် ထုတ်ပြန်ထားသည့် နိုင်ငံတွင်း ဥပဒေများအား လေးစားလိုက်နာရန် လိုအပ်ကြောင်းမေတ္တာရပ်ခံခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများမှ တဆင့် သိရသည်။
 
 
လက်ရှိအချိန်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နှင့် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး   ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှာ လက်ပံတောင်းတောင်အရေးအတွက် မုံရွာမြို့သို့ ရောက်ရှိကာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံနေချိန်လည်း  ဖြစ်သည်။

Myit makha media group

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။