Friday, November 30, 2012

ကျိုက်ထိုမြို့နယ်တွင် စစ်တောင်းမြစ် ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီး


မွန်ပြည်နယ်၊ သိမ်ဇရပ် စစ်တောင်း တံတားဟောင်း အနီးတွင် စစ်တောင်း မြစ်ရေ တိုက်စား မှုကြောင့် ကမ်းပါးများ တဖြည်းဖြည်း ပြိုကျ လျက်ရှိရာ လူနေအိမ်များ ပါပြိုကျ ပျက်စီးခဲ့၍ အိမ်ခြေ ၁၇၀ ကျော် အား ကယ်ဆယ် ထောက်ပံ့မှု ပြုလုပ် ပေးရန် လိုအပ်နေကြောင်း သိရ သည်။ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်တွင် စစ်တောင်းမြစ် ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီး


“ရေတိုက် စားလို့ ကမ်းပါးတွေ ပြိုတာမှာ ဩဂုတ်လနဲ့ စက်တင် ဘာလတွေတုန်းက လူနေအိမ် နှစ် လုံး၊ အောက်တိုဘာ ၁၉ ရက်က နေ ၂၁ ရက်အတွင်းမှာ အိမ် ၁၄ လုံး၊ နိုဝင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက် တွေ မှာ အိမ်အလုံး ၃၀၊ ကမ်းပါး ပြိုတဲ့ထဲ ပါသွားတယ်။ အရေးပေါ် အခြေအနေအနေနဲ့ ဦးစားပေး တစ်မှာ အိမ်စာရင်း (၂၆) လုံး၊ ဦးစားပေး နှစ်မှာ အိမ်စာရင်း ၅၄ လုံး ရှိပါတယ်”ဟု သိမ်ဇရပ် ပရဟိတ လူငယ်အဖွဲ့မှ မယမင်းက ပြောကြားသည်။
သိမ်ဇရပ် ၊ ဆိပ်ကမ်းသာရပ် ကွက်တွင် အိမ်ထောင်စု (၁၁၀) ရှိပြီးကျား (၃၀၉) ဦး ၊ မ ( ၃၁၁) ဦးစုစုပေါင်း (၆၂၀) ဦးရှိကြောင်း ၊ အရေးပေါ်အခြေအနေတွင် ရှိနေ သည့် နေအိမ်များကိုဦးစားပေးရွှေ့ပြောင်းစေရာတွင် နေအိမ် ၁၂လုံး ကို ရွှေ့ပြောင်းပေးထားပြီး ဖြစ် ကြောင်း၊ ရွာမရပ်ကွက်မှာလည်း အရေးပေါ် အခြေအနေတွင် ရှိနေပြီး အိမ်ခြေ (၆၀) ခန့်ရှိသဖြင့် နှစ်ရွာ ပေါင်း အိမ်ခြေ (၁၇၀)ခန့်ရှိကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
“နေအိမ်တွေက အန္တရာယ် အရမ်းရှိနေတယ်။ ညနေရေထပ် တက်ရင် ထပ်ပြိုဦးမှာပဲ။ အိမ်တွေ ကို အရေးပေါ်ရွှေ့ပေးနေပါတယ် ” ဟု အဆိုပါ ကျေးရွာ များသို့ သွား ရောက် ကူညီပေးနေသူ တစ်ဦးက ပြောကြားခဲ့သည်။
“ ပုံမှန်အနေအထားကနေ ကိုက် ၃၀ လောက် ရေထဲ ပါသွား ပြီ။ ကမ်းပါးက တအိအိပြိုနေ တော့ အိမ်ထောင်စုတွေကနေ အိမ်တွေစွန့်ပြီး လွတ်လောက်မဲ့နေရာ မှာတဲထိုး၊ ဖျာခင်းပြီးနေကြတယ်။ ဒါတောင် စိတ်မချရတော့ တစ်ည လုံး ငုတ်တုတ်ထိုင်စောင့်ကြည့်နေရ တာ။ ကမ်းပါးပြိုလို့ သဘာဝဘေး သင့်နေတဲ့ အိမ်ခြေ ၁၇၀ကို ကယ် ဆယ်ရေးနဲ့ စားဝတ်နေရေး ကူညီ ပေးဖို့ လိုအပ်နေပါတယ်။
လက် ရှိအထိတော့ သက်ဆိုင်ရာတာဝန် ရှိသူတွေက စီစဉ်ပေးတာ မရှိသေး ဘူး။ ဒါကြောင့် ကယ်ဆယ်ထောက် ပံ့မှုတွေလုပ်ပေးပါလို့ တိုက်တွန်း ချင်ပါတယ်” ဟု ဖြစ်ပွားရာနေရာ ကိုရောက်ရှိနေသော လူမှုဘဝဖွံ့ဖြိုး ရေးနှင့် ပရဟိတလုပ်ငန်းများ တစ် ပိုင်တစ်နိုင် ဆောင်ရွက်နေသည့် ဦးနေမျိုးဇင်က ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။