Friday, November 30, 2012

မုံရွာကြေးနီစီမံကိန်း ''အဆင်ပြေစွာ'' အကောင်အထည် ဖော်နိုင်ရန် တရုတ် မေတ္တာရပ်ခံ

မုံရွာကြေးနီစီမံကိန်း ''အဆင်ပြေစွာ'' အကောင်အထည် ဖော်နိုင်ရန် တရုတ် မေတ္တာရပ်ခံ

မြန်မာနိုင်ငံ မုံရွာကြေးနီစီမံကိန်း ''အဆင်ပြေစွာ'' အကောင်အထည် ဖော်နိုင်ရန် တရုတ်နိုင်ငံက နိုဝင်ဘာလ ၃၀ ရက်က မေတ္တာရပ်ခံခဲ့သည်။မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက နို

ဝင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''မြန်မာပြည်တွင်းအဘက်ဘက်သည် မြန်မာနိုင်ငံ၏ဥပဒေများကို လေးစားမှုအခြေခံ၍ ဤစီမံကိန်း ''အဆင်ပြေစွာ'' အကောင်အထည်ဖော်နိုင်ရန် အကျိုးရှိသော အခြေအနေတည်ဆောက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။''ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။
ထို့ပြင် မုံရွာကြေးနီစီမံကိန်းသည် တရုတ်မြန်မာနှစ်နိုင်ငံကုပ္မဏီများအချင်းချင်း အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ဤစီမံကိန်းနှင့်ပတ်သက်သော ရွှေ့ပြောင်းမှုလျှော်ကြေးငွေ၊ ပတ်ဝန်းကျင်ကာကွယ်ရေးနှင့်အကျိုးဝင် ငွေခွဲခြားရေးများကို နှစ်ဦးနှစ်ဖက် ဆွေးနွေးပြီး သတ်မှတ်ထားခဲ့ကြောင်းနှင့် မြန်မာနိုင်ငံဆိုင်ရာဥပဒေများနှင့်ကိုက်ညီပါကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများနှင့် လုပ်ငန်းရှင်များအကြား ပြေလည်မှု ရစေရန် ကြားဝင် ဆောင်ရွက်ပေးလိုကြောင်း ဒေါ်အောင်ဆန်စုကြည်က နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ ကံကုန်းကျေးရွာ၌ ပြည်သူလူထုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ တန်ဆောင်မုန်း လပြည့်နေ့ည နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီ အချိန်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ အကြမ်းဖက် ဖြိုခွင်း ခဲ့ခြင်းသည် ရုပ်ဆိုး အကျည်းတန်သော ဖြစ်ရပ်တစ်ခုအဖြစ် ရှုမြင်ခဲ့ပြီး လက်သင့်ခံနိုင်ဖွယ် မရှိဟု နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များက တုန့်ပြန် ပြောဆိုထားသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား နိုဝင်ဘာလ၂၉ ရက်နေ့ နံနက် ၃နာရီအချိန်မှစတင်၍ လုံခြုံရေး ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ အင်အားသုံးပြီး ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ အင်အားသုံး ဖြိုခွင်းခဲ့ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သပိတ်စခန်း တည်ရှိရာနေရာများသို့ မီးလောင်စေသော ဓါတု ပစ္စည်းပါဝင်သည့် လက်နက် (ဓါတုလက်နက်) ဖြင့် အင်အားသုံးနှိမ်နင်းခဲ့ကြောင်း ယင်းဖြစ်စဉ်တွင် ကိုယ်တွေ့ ကြုံခဲ့သူများ၏ ပြောကြားချက်များအရ သိရသည်။

ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး အများစုမှာ သံဃာတော်များဖြစ်ကြောင်း သိရသည်။ လတ်တလော ရရှိ ထားသော သတင်းများအရ မုံရွာဆေးရုံတွင် ရောက်ရှိ ကုသခံနေရသူ ၅၀ ကျော်ခန့်ရှိပြီး အများစုမှာ မီးလောင် ဒဏ်ရာ များ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒဏ်ရာရသူများထဲမှ ဒဏ်ရာအခြေအနေ ပြင်းထန်သည့် သံဃာတော်တစ်ပါးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရ ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။