Friday, November 30, 2012

 နိုဝင်ဘာလ (၂၉)ရက် နံနက် (၃) နာရီခန့်က လက်ပံတောင်းတောင် စီမံကိန်းဧရိယာအတွင်းရှိ သပိတ်စခန်းများအား ရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွင်းမှုနှင့် ပတ်သက်၍ နိုင်ငံတကာမီဒီယာများ သတင်းဖေါ်ပြပုံ မတူညီ


နိုဝင်ဘာလ (၂၉)ရက် နံနက် (၃) နာရီခန့်က လက်ပံတောင်းတောင် စီမံကိန်းဧရိယာအတွင်းရှိ သပိတ်စခန်းများအား ရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွင်းမှုနှင့် ပတ်သက်၍ နိုင်ငံတကာမီဒီယာများ သတင်းဖေါ်ပြပုံ မတူညီကြောင်း တွေ့ရှိရပါသည်။
အေက်ဖ်ပီသတင်းတွင် မြန်မာလုံထိန်းရဲများက ဘုန်းကြီးများနှင့် ရွာသားများကို မီးသတ်ပိုက်ဖြင့် ပစ်ကာ လူစုခွဲသည်ဟု ဖော်ပြထားသည်။ သို့ရာတွင် အမည်ရင်းမဟုတ်ဘဲ အရှင်ရေ၀တဆိုသော အမည်ဖြင့် သံဃာတစ်ပါးက ပြောကြားမှုတွင် ရေဖြင့်ပက်သည်ဟု ပါဝင်သော်လည်း မီးလောင်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ဖေါ်ပြထားသည်။ Eleven Media Group ၀က်ဘ်ဆိုက်မှ ဓာတ်ပုံများအရ ဘုန်းတော်ကြီးများ မီးလောင်ဒဏ်ရာရနေသည်ကို တွေ့ရပြီး သပိတ်စခန်းမှာ မီးဖြင့်ဖျက်ဆီးခံရခြင်းဖြစ်ဖွယ်ရှိသည်ဟု ရေးသားထားသည်။

စီအင်န်အင်န်သတင်းဌာန၏ဖော်ပြထားမှုတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များက မျက်ရည်ယိုဗုံးနှင့် မီးသတ်ပိုက်များသုံးကာ ရာနှင့်ချီသော လူအုပ်ကိုဖယ်ရှားခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။ အောက်တွင် ရန်ကုန်မှ ဂျာနယ်လစ် ကိုဖြိုးက ၀ိုင်းဝန်းပါဝင်သည် ဟုဖော်ပြထားသည်။
ရိုက်တာသတင်းဌာန၏ဖော်ပြမှုတွင်မူ လုံထိန်းရဲများသည် မီးသတ်ပိုက်များနှင့် မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲခဲ့သည်ဟုရေးသားထားသည်။မီးသတ်ပိုက်ဖြင့်ပက်အပြီးတွင် မီးလောင်စေသော ဗူးကဲ့သို့သော အရာတစ်မျိုးဖြင့် ပစ်ခတ်ခဲ့ကြပြီးမည်သည့် လက်နက်ဆိုသည်ကိုမူ မသိကြောင်း ဘုန်းတော်ကြီးတစ်ပါးဖြစ်သည့် ရှင်ဥတ္တမ၏ ပြောကြားချက်ကို ကိုးကားထားသည်။
ဘီဘီစီသတင်းဌာန၏ဖော်ပြချက်တွင်မူ မြန်မာနိုင်ငံမှရဲများက မီးသတ်ပိုက်များနှင့် မျက်ရည်ယိုဗုံးများသုံးကာလူစုခွဲခဲ့ကြောင်းဖော်ပြထားသည်။ဆန္ဒပြသူများ၏ သပိတ်စခန်းများကို လောင်ကျွမ်းစေသော တစ်စုံတစ်ရာကို သုံးခဲ့ဖွယ်ရှိသည်ဟုမူ ဘီဘီစီသတင်း ဘန်ကောက်ရုံးခွဲမှ မြန်မာနိုင်ငံသို့မကြာသေးမီက လာရောက်ခဲ့ဖူးသူဂျိုနသန်ဟက်၏ analysis တွင်သုံးသပ်ထားသည်။
အေပီသတင်းဌာနက ဖော်ပြထားသော သတင်းတွင်မူ huffington post ၀က်ဘ်ဆိုက်တွင် တင်ထားသည့် မူ (အချိန်နှင့်လိုက်ပြီး ပြန်လည်ဖြည့်စွက်သည့် မူကွဲလွဲသည်) တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မီးသတ်ပိုက်များနှင့် အခြားကိရိယာများဟု ဖော်ပြထားပြီး USA Today တွင်ဖော်ပြထားမူတွင်မူ မီးသတ်ပိုက်များနှင့် အဓိက ရုဏ်းနှိမ်နင်းရေးပစ္စည်းများကို သုံးသည်ဟုဖော်ပြထားသည်။ဆန္ဒပြသူတစ်ဦးဖြစ်သည့် ကိုအောင်မြင့်ထွေးကသူတို့တွေက အမဲရောင်ဘောလုံးတွေကိုပစ်တယ်။အဲဒါတွေက ပေါက်ကွဲသွားပြီးမီးတွေဖြာထွက်လာတယ်။..အရမ်းပူတယ် ဟု ပြောကြားချက်ကိုဖော်ပြထားပြီး ဒဏ်ရာရထားသည့် ဘုန်းကြီးများ၏ ဓာတ်ပုံများကို တွေ့ရှိရမှုအရ ကိုယ်တွင် ပြင်းပြင်းထန်ထန်လောင်ကျွမ်းမှုများကို တွေ့ရပြီး မည်သည့် လက်နက်မျိုးသုံးသည်ဆိုခြင်းမှာမူ ရှင်းလင်းခြင်းမရှိကြောင်း ဖော်ပြထားသည်။
နယူးယောက်တိုင်းမ်သတင်းစာကဖော်ပြထားမှုတွင်မူ ခေါင်းစဉ်တွင်မူ မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် သပိတ်စခန်းများကို စီးနင်းရာတွင်လောင်မီးကျကိရိယာများ incendiary devices များကို သုံးသည်ဟု ဖော်ပြထားသည်။ မြန်မာသတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြထားသည့် ဓာတ်ပုံများအရ ဘုန်းတော်ကြီးများကိုယ်မှ လောင်ကျွမ်းဒဏ်ရာများအကြောင်း ထည့်သွင်းရေးသားထားပြီး အေပီသတင်းက ဖော်ပြသည့် အမဲရောင်ဘောလုံးများဆိုသည့် စကားရပ်ကိုလည်း ပြန်လည်ကိုးကားထားသည်။
afp
afp သတင်းဌာနမှ ဖော်ပြထားမှု


ap
ap သတင်းဌာနမှ ဖော်ပြထားမှု


bbc
bbc သတင်းဌာန၏ ဖော်ပြထားမှု

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။