Friday, November 30, 2012

ပြည်သူတွေရဲ့ အမေးကို ဒေါ်စု ပြောပေးမယ် ဆို

နယူးဒေလီ (မဇ္ဈိမ)။   ။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် သောကြာနေ့ နံနက်ပိုင်းက ချင်းတွင်းမြစ် သောင်ပြင်တွင် လူထုပရိသတ် သုံးထောင်ကျော်ကို နာရီဝက်ကြာ မိန့်ခွန်းတရပ် ပြောကြားခဲ့သည်။

မနက် ၉ နာရီခန့်မှ စတင်ခဲ့သည့် မိန့်ခွန်းထဲတွင် တိုင်းပြည်၏ ရေရှည်အကျိုးကို ကြည့်ပြီး ကြေးနီစီမံကိန်း ပြဿနာအား ဖြေရှင်းမယ်ဟု ပြောကြားသွားသည်။



ကြေးနီစီမံကိန်းတွင် ဦးပိုင်လီမိတက် ဝင်ရောက် လုပ်ကိုင်ရခြင်းနှင့် ပတ်သက်၍ လာရောက် နားထောင်သော ပရိသတ်များထဲမှ မေးခွန်းထုတ်ကြောင်း မဇ္ဈိမ သတင်းထောက်က ပြောသည်။

“ပရိသတ်က မေးခွန်းတခု မေးတယ်။ မြန်မာနိုင်ငံမှာ သတ္တုတွင်းဝန်ကြီးဌာန ရှိလျက်နဲ့ ဘာဖြစ်လို့ ဒီကြေးနီ စီမံကိန်းဟာ ဦးပိုင် လီမိတက် လက်အောက် ရောက်သွားတာလဲ လို့ မေးတယ်ဗျ။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည် က အာဏာပိုင်တွေကို ပြည်သူတွေကနေ ကျမကို ဒီမေးခွန်း မေးတယ်လို့ ပြောမယ်ဟု ဖြေကြားတယ်” ဟု ဆိုသည်။

ထို့အပြင် အိမ်နီးချင်းနိုင်ငံများနှင့် ရင်းရင်းနှီးနှီး ဆက်ဆံနေထိုင်ရမည့် အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲတွင် ပြောဆိုသွားသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်သည် အာဏာပိုင်များ၊ ဒေသခံများနှင့် တွေ့ဆုံနေကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။